Showing posts with label Essay. Show all posts
Showing posts with label Essay. Show all posts

Blacklisted tycoon is key Myanmar player

Image
On the streets of Yangon, it is often said Myanmar is ruled not only by a gun-wielding junta but by a businessman named Tay Za, who is thought to have a finger in every lucrative pie and is now a target of U.S. sanctions.

Although virtually unknown internationally until his blacklisting this month by the United States, Tay Za, 41, is legendary in his Southeast Asian country as one of the richest, best-connected and most successful men in one of the world's poorest nations.

"He is really crucial to the regime. As far as we know, he is also the richest guy in the country," said David Mathieson, consultant for the U.S.-based Human Rights Watch.

Others, however, think his power and wealth may be overstated. But whatever its extent, they say, most of his business is in Asia, and the American sanctions apply only to his assets and business relationships in the United States, which are thought to be few.

Described as eloquent and charismatic, Tay Za is said to have a cozy personal relationship with Senior Gen. Than Shwe, the junta leader, and his family — and a hand in virtually every moneymaking venture in a country where the state dominates the economy.

He has investments in tourism, logging, gems, palm oil, real estate, construction and airlines. His Htoo Trading Co. grabbed most of the construction contracts for the government's multimillion-dollar move from the old capital, Yangon, to the new one, Naypyidaw.

To many, Tay Za represents a group of elite businessmen closely intertwined with the military rulers who farm out concessions for Myanmar's rich natural resources. In return, their access to global markets helps grease the wheels that keep the regime afloat.

Analysts said Tay Za and other influential tycoons on the U.S. blacklist may have more influence on the junta than foreign sanctions and diplomacy.

The U.S. Treasury Department sanctions were imposed on Tay Za; his wife, Thidar Zaw; and son, Pye Phyo Tay, as well as Tay Za's main businesses, including Htoo, Air Bagan Ltd., Htoo Wood Products Pte Ltd. and Pavo Trading Pte.

Four state enterprises are Myanmar's top exporters. Htoo Trading, engaged in logging and exports of timber, is the fifth, earning $65.1 million between 2006 and 2007, according to the Myanmar Times, a weekly newspaper affiliated with the government.

Tay Za started off as an ordinary merchant and married into a wealthy timber family. Then he became an arms dealer, which gained him the generals' trust and enhanced access to large tracts of Myanmar's virgin forests.

A son of a former army colonel and himself a former military academy student, Tay Za accompanied top brass on overseas trips to buy helicopters, according to Irrawaddy, a respected news magazine run by Myanmar exiles in neighboring Thailand.

His Myanmar Avia Export is the country's sole representative of Russia's Export Military Industrial Group and of the Russian helicopter manufacturer Rostvertol, the magazine said. Analysts and diplomats said Tay Za played a key role in buying MiG-29 fighter jets and Mi-17 helicopters last year from Moscow.

His close personal relationship with Than Shwe and his family have been one of the hottest topics in Myanmar's rumor mill.

"He knows how to take care of people, influential people. That's his secret to such a fast rise to such a prominent position," said Irrawaddy editor Aung Zaw.

Tay Za has also hired children of senior military officials, among them Gen. Shwe Mann's son, Aung Thet Mann, who is on Htoo's board of directors.

Some of his companies are based in Singapore, where he owns luxury apartments and does his banking. He is often seen shopping in that island republic's luxury malls.

While some think the U.S. sanctions may weaken the junta, human rights activists say they will accomplish little without the help of Asian countries.

Mathieson said the sanctions would work only with follow-up measures against Tay Za. "It could be a significant move if they could start identifying the full extent of his financial network and his business empire and put pressure on the right spots," he said.

Some suggest assessments of Tay Za's influence may be exaggerated and could divert attention from lesser-known figures who prop up the regime's finances.

Also on the U.S. blacklist are Htay Myint of the Yuzana Co. and Khin Shwe, president of Zay Gabar Co. But editor Aung Zaw said there are many more not yet on the radar of the U.S. and the European Union, which has also imposed some sanctions.

Some analysts say that for all the outward glitz — Ferrari, Lamborghini and a luxury mansion in Yangon — Tay Za may be less a tycoon than a business agent for Than Shwe's family.

His airline, Air Bagan, is said to be in financial trouble. Irrawaddy says his love of gambling hasn't helped either, and he may be too deeply invested in the first family for his own good. One top junta man who reportedly doesn't see eye-to-eye with him is Maung Aye, the army commander in chief.

Source: AP

အလုပ်၏ပထမဆုံးနေ့ ခရီးသွားမှတ်တမ်း။

Image

ကျနော်ရဲ့ အလုပ်အသစ်ကို ကျနော် ၁၂-ဧပြီလ ကြာသာပတေးနေ့မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။ မစီးဖြစ်တာကြာပြီဖြစ်သော စင်္ကာပူရဲ့ရထား SMRT ကို အဲ့ဒီနေ့မှာ ပဲပြန်လည်စီးနှင်းခဲ့တယ်။ မစီးတာကြာပြီဖြစ်လို့ ရထားဘူတာသို့ရောက်တာနဲ့ များပြားလှတဲ့ ရထားစီးရန်စောင့်နေသော လူအုပ်က ကျနော်မြင်ကွင်း ကို စတင်ကြိုဆိုလိုက်ပါတယ်။
ပထမရထားမမှီပါ။ မမှီဆို လူအရမ်းများ၍ နောက်ရထားကိုစောင့်ရခြင်းဖြစ်ပါတယ်။

နောက်ရထားလာတော့ ရထားပေါ်တက်လိုက်ပြီး၊ ကံကောင်းထောက်မစွာဖြင့် ထိုင်ခုံနေရာ လေးတစ်ခုရခဲ့ပြန်တယ်။ ဒါနဲ့ အလုပ်အသစ်တွက်စဉ်းစားစရာများကို စဉ်းစားရင်ရထားစီးနှင်း လိုက်ပါလာမိတယ်။ မကြာပါဘူး နားထဲကို အသံလေး သဲ့သဲ့ ၀င်လာပါတယ်။ ``အိပ်ချင်နေတာပေါ့ ညက ကို နှိပ်စက်ထားလို့လေ´´။ ကျနော်မျက်လုံးများကို ပွတ်ပြီး ကျနော် ဘေးပတ်ဝန်ကျင်ထိုင်ခုံကို လှမ်းကြည့်လိုက်ရာ ခေတ်မှီလှပစွာ ၀တ်ဆင်ထားတဲ့ကောင်မလေး ကိုတွေ့လိုက်တယ်။ ပြီးတော့မှ သူက မြန်မာလူမျိုးမှန်း သူဖုန်းပြောသံမှ သိလိုက်ရပါတယ်။

သူကတော့ မသိရှာပါ ကျနော်လည်းမြန်မာဆိုတာကို။ ပြောလိုက်တဲ့စကားတွေ။ ဘေးကနားထောင်ရတဲ့သူတောင်ရှက်လာတယ်။ ဘာတွေပြောမှန်းမသိ။ သူ့ချစ်သူကောင်လေးနဲ့ သူနဲ့ ညက ဟိုလိုဒီလိုဖြစ်တဲ့ အကြောင်းတွေ။ သူသာ ကျနော်မြန်မာမှန်းသိလျှင် ရှက်လိုက်မည့်ဖြစ်ခြင်း။ သူသိထားသင့်သည်မှာ ယခုစင်္ကာပူ သည် ယခင်စင်္ကာပူမဟုတ်တော့။ နေရာတိုင်းတွင့် မြန်မာတွေချည်းပဲ။
စိတ်ထဲတွင် စင်္ကာပူကို မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော် အဖြစ်ပင်ထင်လာမိသည့် အထိဖြစ်လာတယ်။ ဟိုနား တစ်စု၊ ဒီနား တစ်စု။ တစ်ချို့က ကျောင်းသား၊ တစ်ချို့ က ၀န်ထမ်း၊ တစ်ချို့က မူလတန်းကျောင်းသားလေးများ၏ အုပ်ထိန်းသူ၊ တစ်ချို့ က တရားမ၀င်နေထိုင်သူ။

မကြာပါဘူးကျနော်စီးနင်းလာတဲ့ရထားလည်း Raffles Place ဘူတာကိုဆိုက်ရောက် လာခဲ့တယ်။ ဒီလိုနဲ့ရထားပြောင်းစီးပြီး နောက်ဆုံးတွင် Tanjong pagar ဘူတာသို့ရောက်လာခဲ့ပြီ။ ကျနော်အလုပ်သို့ရောက်ရန် ၅ မိနစ်ခန့်လမ်းလျှောက်ရတယ်။
အလုပ်သို့ရောက်တာနဲ့ Receptionist က ကျနော်ကို ကျနော်ရဲ့ Reporting Officer ဖြစ်မည့် CEO ရုံးခန်းကိုပို့ဆောင်ပေးခဲ့ပါတယ်။ အဲ့ဒီနောက် သူနဲ့ စကားအနည်းအကျဉ်းပြောပြီး သူ ကျနော်အတွက် ပြင်ဆင်ထားတဲ့ ကျနော်နေရမယ့် အခန်းကို လိုက်လံပို့ဆောင်ပေးပါတယ်။ ပြီးတာနဲ့ တစ်လက်စတည်း ကျနော် ဌာနမှ ၀န်ထမ်းများနဲ့ မိတ်ဆက်ပေးတယ်။ တစ်ယောက်ချင်းဆီရဲ့ နာမည်ကိုကြိုးစားမှတ်ခဲ့ပေမယ့် ၃ ယောက်လောက်နာမည်ပဲ မှတ်မိခဲ့တယ်။

အားလုံးပြီးသွားပြီဆိုတာနဲ့ ကျနော်အခန်းမှာ ကျနော့်ပစ္စည်းအချို့ကိုနေရာချပါတော့တယ်။ အသင့်ရောက်ရှိနေသော Laptop၊ အိမ်မှ ထည့်ပေးလိုက်သော ဓာတ်ပုံများ၊ စာရေးကရိယာများ ကို အစဉ်ပြေအောင်ရွှေ့ပြောင်းထားလိုက်တယ်။ ကျနော်အခန်းမှလှမ်းကြည့်လျှင် တိုက်အမြင့်အပေါင်းများစွာကိုကောင်းစွာမြင်နိုင်တယ်။ ရှုခင်းကောင်းတယ်။နေမထိုးဖူး။ အနည်းဆုံးတော့ စိတ်ဖိစီးမှုကိုလျှော့ချနိုင်မယ်လို့ ထင်တယ်။ အဲ့ဒီနောက်မှာတော့ ကျနော် အတွက်တစ်နေ့စာလုပ်စရာများကို စတင်လုပ်ဆောင်ရန်အတွက် ကွန်ပျုတာကို စတင်ဖွင့်လိုက်ပါတော့တယ်။

Foreign Talents အပေါ် မနာလိုဖြစ်နေသော Singaporean များ၏အမြင်။

စင်္ကာပူသည် အရှေ့တောင်အာရှ၌ အသေးဆုံးနိုင်ငံဖြစ်သော်လည်း အချမ်းသာဆုံးနိုင်ငံအဖြစ်ရပ်တည်နိုင်ငံသည်မှာ မည်သူမှ ငြင်းဆိုနိုင်မည်မဟုတ်ပါ။
သို့သော် ထိုနိုင်ငံတွင် သဘာဝအရင်းမြစ်ဆို၍ သောက်သုံးရေတောင်မရှိပေ။
ဒါဆိုရင်မေးစရာရှိလာပါမည်။ ဘာလို့သူတို့ချမ်းသာတာလဲ။ရှင်းရှင်းလေးပါ။
အုပ်ချုပ်သူများ ၏ အမြင်ကျယ်မှု၊ ဗဟုသုတ ကြွယ်ဝမှု နှင့် တိုင်းပြည်၏လိုအပ်ချက် နှင့် ကမ္ဘာကြီး၏လိုအပ်ချက်များကို နားလည်သိကျွမ်းနေပြီး ၄င်းအပေါ်တွင် ပွဲစား စံသော ဆောင်ရွက်ချက်များကြောင့်ဖြစ်ပါတယ်။ ပွဲစားဆိုသည်မှာလည်း အရင်းနှီးရှိဖို့မလိုပါ တခြားသူရဲ့ လိုအပ်ချက် ကို တခြားပိုလျှံနေသူထံမှ လွှဲပြောင်းခြင်းကိုခြားထဲမှာနေ၍ တန်ရာတန်ကြေးယူကာ အကျိုးဆောင်ပေးခြင်းဖြစ်ပါတယ်။
အဲ့ဒီတော့ အခုစင်ကာပူတိုးတက်နေတယ်ဆိုတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ Talents တွေကိုခေါ်တယ်။ ပြီးတော့ အဓိကလိုအပ်တဲ့ Infrastructure တွေကိုအကောင်းဆုံးဖြစ်အောင်ဖန်တီးပြီး၊ Foreign Talentsတွေရဲ့ လုပ်အားကို အရင်းပြုပြီး တစ်ခြားစက်မှုနိုင်ငံကြီးများမှ စီးပွားရေးလုပ်ငန်းများကိုဖိတ်ခေါ်ပြီး စင်္ကာပူတွင်ရင်းနှီးမြုတ်နှံစေပါတယ်။ အဲ့ဒီလိုနဲ့ သူတို့နိုင်ငံတွင်းမှရှိတဲ့ အလယ်အလတ်တန်းစား၊ အောက်ခြေတန်းစာ အလုပ်သမားတွေက Foreign Talents တွေမှီပြီး အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိလာပါတယ်။
ဒါ့ကြောင့်စင်္ကာပူအစိုးရက Foreign Talents တွေကိုဘာလို့ခေါ်တယ်ဆိုတာရှင်းသွားပါပြီ။
ဒါပေမယ့် Singaporean အများစုက အဲ့ဒီလိုမမြင်ပါဘူး။ ဒီ Foreign Talents တွေကြောင့် သူတို့တွေရမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေဆုံးရှုံးကုန်ပါပြီလို့ထင်နေကြပါတယ်။
သူတို့ပတ်ဝန်းကျင်မှာ Foreign Talents ဆိုတဲ့စကားကို သိပ်ကိုမုန်းလှပါတယ်။ ကျနော်အထင်တော့ သူတို့မုန်းတာထက် ကြောက်နေတာဖြစ်ပြီး မနာလိုတာသိတာထင်ရှားလှကြောင်း အောက်ဖော်ပြပါ အချက်အလက်များဖြင့်သက်သေတည်နိုင်ပါတယ်။

Image

ဒါကတော့ စင်္ကာပူအစိုးရရဲ့ရှင်းလင်းချက်ပါ။

Image

ကျွန်တော် သိတဲ့ ဗိုလ်ချူပ် အကြောင်း။

ကျွန်တော်ဒီနေ့ တော်လှန်ရေးနေ့ အတွက်စာတစ်ပုဒ်ရေးမယ်ဆိုပြီး စိတ်ကူးရတာနဲ့ ဘယ်အကြောင်းရေးမလဲလို့ စိတ်ကူးလိုက်တဲ့အခါမှာ ယနေ့မြန်မာတပ်မတော်ကြီး ကိုထူထောင်ခဲ့တဲ့ ကျွန်တော်အပါအ၀င် လူအများလေးစားတန်ဖိုးထားကြတဲ့ လွတ် လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကျွန်တော်သိသလောက်ရေး မယ်လို့ဆုံးဖြတ်ချက် ချမိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့တတွေလေးစားခဲ့ရတဲ့ ဗိုလ်ချုပ်အကြောင်းက ယနေ့ မြန်မာမီဒီယာ တွေမှာ ဖိအားနှင့်မဖော်ပြဖို့တားမြစ်နေ တဲ့အချိန်၊ကလေးသူငယ်တွေကို ဗိုလ်ချုပ်အောင်ဆန်းဆိုတာဘယ်သူလဲလို့ဖုံးကွယ်
ဖို့ကြိုးစားနေတဲ့အချိန်မှာ ကျွန်တော်တက်နိုင်တဲ့ဘက်က ကျွန်တော်သိသလောက် ဗဟုသုတလေးတွေနဲ့ရေးဖြစ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကို ၁၉၁၃ခုနှစ်ဖေဖော်ဝါရီ ၁၃ ရက်မှာ ဖခင် ရှေ့နေကြီးဖြစ်တဲ့ ဦးဖာ နှင့် မိခင် ဒေါ်စုတို့က မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းရဲ့ နတ်မောက်မြို့မှာ ဖွားမြင်ခဲ့ပါတယ်။
ဗိုလ်ချုပ်ဟာ သာမန်လူတန်းစာက ဆင်းတက်လာတာမဟုတ်ပဲ သူရဲ့ ဦးလေးကတော့ လူအများသိကြတဲ့၁၈၈၆ကအင်္ဂလိပ်ကိုတော်လှန်ခဲ့တဲ့အထဲမှာ ပါဝင်ခဲ့တဲ့ ဗိုလ်မင်းရောင်
ဖြစ်ပါတယ်။
၁၉၄၂ခုနှစ် သူ ကာကွယ်ရေးဝန်ကြီးဖြစ်နေစဉ်အတွင်းမှာ ဒေါ်ခင်ကြည်နှင့်ဖူးစာဆုံပြီး လက်ထပ်ခဲ့စဉ်မှာပဲ ဒေါ်ခင်ကြည်ရဲ့ ညီမဖြစ်သူသည်လည်း ကွန်မြူနစ်ခေါင်းဆောင်တဦး ဖြစ်တဲ့ သခင်သန်းထွန်းနှင့်လက်ထပ်ခဲ့တယ်လို့သိရှိရပါတယ်။ ဗိုလ်ချုပ်တွင် သား ၂ဦး နှင့် သမီးတစ်ဦး ထွန်းကားခဲ့ပြီး။ သူရဲ့ သားတစ်ယောက်ဖြစ်တဲ့ အောင်ဆန်းလင်းကတော့ ၈နှစ် သားအရွယ်မှာ ရေနှစ်လို့သေဆုံးခဲ့ပါတယ်။ နောက်သားတစ်ယောက်ရဲ့ နာမည်ကတော့ အောင်ဆန်းဦးဖြစ်ပြီး ယခုအခါ အင်ဂျင်နီယာအဖြစ်အမေရိကန်နိုင်ငံမှာနေထိုင်လျှက်ရှိပါ တယ်။ ဗိုလ်ချုပ်ရဲ့ တစ်ဦးတည်းသောသမီးကတော့ ဖြင့် ယနေ့မြန်မာလူထု ပါးစပ်ဖျားတွင် သာမက နိုင်ငံတိုင်းလိုလိုတွင်စိတ်ဝင်စားမှုခံရသူ၊ အဖေခြေရာနင်းနိုင်သူ၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အမျိုးသားလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။

ဗိုလ်ချုပ်ငယ်စဉ်က နက်မောက်နှင့်ရေနံချောင်းမြို့တွေမှာ အခြေခံပညာဆည်းပူးခဲ့ပြီးဝိဇ္ဇာ ဘွဲ့(အင်္ဂလိပ်စာ၊ ခေတ်သစ် သမိုင်း နှင့် နိုင်ငံရေးသိပ္ပံ) ကိုတော့ရန်ကုန်တက္ကသိုလ်မှဆည်း ပူးခဲ့တယ်လို့သိရှိရပါတယ်။ ဒီလို ထူးချွန်တဲ့ သူ့ကို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ အမှုဆောင်အဖွဲ့အ၀င်အဖြစ်ရွေးချယ်ခဲ့ပါတယ်။ မကြာခင်မှာပဲဗိုလ်ချုပ်ဟာ အိုးဝေမဂ္ဂဇင်း ရဲ့အယ်ဒီတာဖြစ်လာခဲ့ပါတယ်။

၁၉၃၆ ဖေဖော်ဝါရီမှာတော့ ဗိုလ်ချုပ်ကို ၀န်ကြီးချုပ်ဟောင်းဖြစ်မဲ့ ကိုနုနှင့်အတူ တက္ကသိုလ် တာဝန်ရှိသူတွေကိုထိခိုက်တယ်လို့ယူဆခဲ့ကြတဲ့ ငရဲခွေးကြီး လွတ်နေပြီး ဆိုတဲ့ ဆောင်းပါးရဲ့ ရေးသူကို မဖော်ပြခဲ့လို့ဆိုပြီး ကျောင်းမှ ထုတ်ပယ်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ဒုတိယ အကြိမ် ကျောင်းသားအရေးတော်ပုံစတင်လာပါတော့တယ်။

၁၉၃၈ မှာတော့ ဗိုလ်ချုပ်ကို တက္ကသိုလ်ကျောင်းသားများသမဂ္ဂ နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ ဥက္ကဌ အဖြစ်ရွေးချယ်ခဲ့ပါတယ်။စောစောက စခဲ့တဲ့ကျောင်းသားအရေး ပုံဟာလည်း တဖြည်းဖြည်းနဲ့ မြန်မာပြည်အလယ်ပိုင်း မန္တလေးအထိ ပျံနှံသွားခဲ့ပါတယ်။ အဲ့ဒီ နှစ်မှာပဲ အင်္ဂလိပ်ကိုလိုနီအစိုးရက သူကို ကျောင်းသားကိုယ်စားလှယ်အဖြစ် ရန်ကုန် တက္ကသိုလ်ဥပဒေပြင်ဆင်ရေးကော်မတီမှာတာဝန်ပေးအပ်ခဲ့ပါတယ်။

၁၉၃၈ ခုနှစ်အရောက်မှာတော့ ဗိုလ်ချုပ်က ကျောင်းသားနိုင်ငံရေးမှ အမျိုးသားနိုင်ငံရေး အဖြစ်ပြောင်းရွှေ့သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဗိုလ်ချုပ် သည် ကိုလိုနီဆန့်ကျင်ရေး နှင့် နိုင်ငံရေးအံတုမှုကိုလုပ်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူသည် ၁၉၃၀ မေလမှာ တော့ ဒို့ဗမာအစည်းအရုံး ကိုဖွဲ့စည်းခဲ့ပြီး တိုင်းပြည်ရဲ့ ခေါင်းဆောင်အဖြစ် ယူဆကြတဲ့
သခင်များထဲက သခင် တစ်ယောက်ဖြစ်လာပါတယ်။ သူသည် ၄င်းအဖွဲ့အစည်းရဲ့ အထွေ
ထွေ အတွင်းရေးမှုးတာဝန်ကို ၁၉၄၀ အထိတာဝန်ယူခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီတာဝန် ကိုယူစဉ်အတွင်းမှာ ဗိုလ်ချုပ်သည် နိုင်ငံတ၀န်းလုံးဆန္ဒပြမှုများကိုလုပ်ဆောင်ခဲ့ပြီး ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကိုစတင်ခဲ့ပါတယ်။ ဗိုလ်ချုပ်သည် တခြားအမျိုးသားရေးအသင်းဖြစ် တဲ့ဗမာ့ထွက်ရပ်ဂိုဏ်းကို ဒို့ဗမာအစည်းအရုံး၊ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၊ ရဟန်းပျိုများ နှင့် ဒေါက်တာဘမော်ရဲ့ ဆင်းရဲသား ပါတီ များဖြင့်ဖွဲ့စည်းခဲ့ပြန်ပြီး သူသည် အထွေထွေအတွင်းရေးမှုတာဝန်ကိုပင်ယူခဲ့ပြန်ပါတယ်။ ၁၉၃၉ ခုနှစ် သြဂုတ်မှာတော့ ဗမာ့ကွန်မြူနစ် ပါတီကိုထူထောင်ခဲ့ပြီး အထွေထွေအတွင်းရေးမှုတာဝန်ကိုတာဝန်ယူခဲ့ပါတယ်။
မကြာပါဘူး သူဟာပြည်သူ့အရေးတော်ပုံပါတီမှ နေပြီး ဆိုရှယ်လစ် ပါတီအဖြစ် ဒုတိယကမ္ဘာ စစ်အပြီးမှာ ပြောင်းလဲခဲ့ပါတယ်။ ၁၉၄၀ မတ်လ မှာတော့ ဗိုလ်ချုပ်သည် အိန္ဒိယအမျိုးသား ကွန်ဂရက် အစည်းအဝေးကိုတက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် ကိုလိုနီအစိုးရသည် သူကို့ ကိုလိုနီဆန့်ကျင်ရေးအတွက် လာရောက်တက်တဲ့သခင်ဆိုပြီး ဖမ်းရန်ပြင်ဆင်ခဲ့ပါတယ်။ ဒီလို နဲ့ ဗိုလ်ချုပ်သည် မြန်မာနိုင်ငံသို ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ ပြီးတာနဲ့ သူသည် တရုတ်ပြည် မှ တရုတ်ကွန်မြူနစ်များထံမှာ အကူအညီသွားတောင်းခံရာမှ ဂျပန်များတွေ့ဆုံပြီး ဂျပန်သို့သွားရန်အကြောင်းဖန်တီးလာခဲ့ပါတယ်။

၁၉၄၁ ဖေဖော်ဝါရီလ မှာ ဗိုလ်ချုပ်သည် ဗမာပြည်ကို ဂျပန်မှ Fumimaro Konoe အစိုးရရဲ့ လက်နက် အင်အား၊ ငွေကြေးအင်အားအကူအညီတွေရမယ်ဆိုလို့ ပြန်လာခဲ့ပါတယ်။ ပြီးတာနဲ့သူဟာ စစ်သင်တန်း တက်ရန်အတွက်ဂျပန်ကို ရဲဘော်သုံးကျိပ်ဝင်များနှင့်ထွက်ခွာခဲ့ပါ တယ်။ ဒီဇင်ဘာလမှာတော့BIA ခေါ်ဗမာလွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံဘန် ကောက် မြို့မှာ ဂျပန်များရဲ့အကူအညီနှင့်ဖွဲ့စည်းခဲ့ပါတယ်။ သူသည် စစ်ဦးစီးအရာရှိချုပ်တာဝန် ကို ယနေ့အခေါ် ဗိုလ်မှူးချုပ်အဖြစ်တာဝန်ယူခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဗမာပြည်သည် ဂျပန်လက်အောက် ကို ၁၉၄၂ မတ်လ မှာကျရောက်ခဲ့ပြီဖြစ်ပါတယ်။ ဇူလိုင်လမှာတော့ သူသည် BIA ကို BDA ခေါ် ဗမာ့ကာကွယ်ရေးတပ်မတော် အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ မကြာခင်မှာပဲ သူကို ဂျပန်ဧကရာဇ်မှ ဖိတ်ခေါ်ပြီး Order of the Rising Sun Award ကိုချီးမြှင့် ခဲ့ပါတယ်။

၁၉၄၃ သြဂုတ်လတွင် ဂျပန်သည် ဗမာပြည်ကို ရွှေရည်စိမ် လွတ်လပ်ရေးပေးအပ်ခဲ့ပြီး၊ သခင်အောင်ဆန်းကိုတော့ စစ်ဝန်ကြီး အဖြစ်တာဝန်ပေးခဲ့၍ သူ့ရဲ့တပ်မတော်ကို BNA ခေါ် ဗမာ့အမျိုးသားရေးတပ်မတော်အဖြစ်ပြန်လည် ဖွဲ့စည်းခဲ့ပေးပါတယ်။ သူသည် ဂျပန်တွေရဲ့ ရွှေရည်စိမ်လွတ်လပ်ရေးကို စိတ်ပျက်လာပြီး လျှို့ဝှက်စွာဖြင့် ဂျပန်များကိုဗမာ့မြေပေါ်မှ မောင်းထုတ်ရန်ပြင်ဆင်ဖို့အတွက် အိန္ဒိယမှာရှိ အင်္ဂလိပ်စစ်တပ်ကို ကွန်မြူနစ်ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့သခင်သန်းထွန်း၊ သခင်စိုးရဲ့အကူအညီနှင့်အဆက်အသွယ်လုပ်ခဲ့ ပါတယ်။

၁၉၄၅ မတ်လ ၂၇ ရက်နေ့မှာတော့ ဗိုလ်ချုပ်သည် ဗမာ့အမျိုးသားတပ်မတော် ကို ဂျပန်များကိုစတင်တော်လှန်ဖို့အတွက် ဦးဆောင်ပြီးဆောင်ရွက်ခဲ့ပါတယ်။ ထိုနေ့ကိုတော့ဖြင့် တော်လှန်ရေးနေ့ ယနေ့ အခေါ် တပ်မတော်နေ့အဖြစ်သမိုင်းမှာမှတ်တမ်းဝင်ခဲ့ပါတယ်။
၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဗိုလ်ချုပ်သည်တောင်ပေါ်မြေပြန့်တိုင်းရင်းသားများ ပါခံစားနိုင်မည့် လွတ်လပ်ရေးကိုအတူတကွရရှိရန် သမိုင်းဝင်ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။ဗိုလ်ချုပ်ရဲ့ကြိုးပမ်းမှုများကြောင့် များမကြာမှီမှာပဲ ကိုလိုနီ အင်္ဂလိပ်အစိုးရသည် ဗမာပြည်ကို လွတ်လပ်ရေးပေးရန်အလျှော့ပေးလိုက်ရပါတော့တယ်။
လွတ်လပ်ရေးမပေးခင်လအနည်းငယ်အလိုမှာတော့ ဗိုလ်ချုပ်အောင်ဆန်းနှင့် သူဖွဲ့စည်းထား တဲ့ဝန်ကြီး၆ဦး တို့သည် ၁၉၄၇ ဇူလိုင် ၁၉ ရက်နေ့မှာ ဦးစောရဲ့လုပ်ကြံမှုကြောင့်လုပ်ကြံခံခဲ့ရပါ တော့တယ်။

ဆီးဂိမ်းပြိုင်ပွဲကို မြန်မာ့မြေပေါ်မှာ ဘယ်အချိန်ပြန်တွေ့နိုင်မလဲ။

ဒီဇင်ဘာလအတွင်းမှာ ကျင်းပတော့ မယ့် ၂၀၀၇ ထိုင်းနိုင်ငံ(ဘန်ကောက်) ဆီးဂိမ်းဟာ မြန်မာ့အားကစားကို တစ်ကျော့ပြန် ဆန်းစစ်တာမှန်ပေမယ့် အခုအချိန်မှာ စိတ်ဝင်စားတာကတော့ အဲဒီလို တစ်ကျော့ပြန်ဆန်းစစ်လို့ ရလာမယ့်ရလဒ်တွေ မဟုတ်သေးဘဲ မြန်မာပြည်အနေနဲ့ ဘယ်တော့မှ ဒီလို ဒေသအတွင်း အကြီးဆုံးပြိုင်ပွဲ ဖြစ်တဲ့ ဆီးဂိမ်းကို ဘယ်တော့ လက်ခံကျင်းပ နိုင်မလဲဆိုတာပါပဲ။

အကြောင်းကတော့ ရှင်းပါတယ်။ အရှေ့တောင်အာရှပြိုင်ပွဲတွေ လက်ခံ ကျင်းပပေးတဲ့နိုင်ငံတွေဟာ ဆုတံဆိပ် ရရှိမှုမှာလည်း ထိပ်ဆုံးမှာရပ်တည်နေ တာကြောင့် နိုင်ငံရဲ့အားကစားကဏ္ဍ တစ်ရပ်ကို ထဲထဲဝင်ဝင်ဖြစ်နိုင်တဲ့ နည်းလမ်းတစ်ခုကို ပြောပါဆိုရင် ဒီလိုမျိုး ဒေသတွင်းပြိုင်ပွဲကြီးတွေကို လက်ခံကျင်းပပေးဖို့ပါပဲ။

ဒီ ၂၀၀၇ ပြိုင်ပွဲပြီးသွားရင်လည်း ၂၀၀၉ ပြိုင်ပွဲကို လာအိုက ကျင်းပဖို့ ပြင်ဆင်နေတဲ့အကြောင်း၊ အကယ်၍ လာအိုက မကျင်းပနိုင်ခဲ့ရင် စင်ကာပူက လက်ခံကျင်းမယ်ဆိုတာရယ်၊ ပြီးတော့ ၂၀၁၁ ပြိုင်ပွဲကို အင်ဒိုနီးရှားက လက်ခံကျင်းပဦးမယ်၊ ၂၀၁၃ ဆီးဂိမ်း ပြိုင်ပွဲကိုတော့ စင်ကာပူက လက်ခံ ကျင်းပပေးဦးမယ် ဆိုတာတွေဟာ မြန်မာနိုင်ငံအနေနဲ့ကလည်း ပြိုင်ပွဲတွေ အရင်လို ပြန်လည်ကျင်းပပေးဖို့ လိုအပ်လာပြီဆိုတာ ထောက်ပြ နေသလိုပါပဲ။

တကယ်တော့ ဒီအရှေ့တောင်အာရှ ပြိုင်ပွဲကြီးဟာ မြန်မာပြည်နဲ့စခဲ့တာဆို မမှားနိုင်တာ သေချာပါတယ်။ ဒုတိယ အကြိမ်ဆီးဂိမ်း (ယခင်ကျွန်းဆွယ်) ပြိုင်ပွဲကြီးကို ၁၉၆၁ ခုနှစ်၊ ရန်ကုန် မြို့မှာ ကျင်းပခဲ့စဉ်က မြန်မာဟာ ရွှေ ၃၅၊ ငွေ ၂၆ နဲ့ ကြေး ၄၃ ခုရယူပြီး နိုင်ငံအလိုက် ပထမရရှိခဲ့တာတွေနဲ့ ၁၉၆၉ (၅) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကိုလည်း ရန်ကုန်မြို့မှာ လက်ခံကျင်းပ ခဲ့စဉ်က မြန်မာက ရွှေ ၅၇၊ ငွေ ၄၆၊ ကြေး ၄၆ ခုရရှိခဲ့ပြီး ပထမအဆင့်ကို ထပ်မံရရှိခဲ့တာတွေဟာ နိုင်ငံနဲ့လူမျိုးရဲ့ ဂုဏ်ရှိန်ကိုမြင့်မားစေခဲ့တဲ့ သမိုင်း မှတ်တမ်းတွေပဲ ဖြစ်ပါတယ်။

~အဲဒီတုန်းကတော့ ရန်ကုန်မှာ ခြိမ့်ခြိမ့်သဲသဲပဲပေါ့။ ဘောလုံးဆို ရွှေရတယ်။ ကျွမ်းဘားက မြင့်အောင် ဆိုရင် ထူးထူးခြားခြား ရွေငါးခုတောင် ရတယ်။ လက်ဝှေ့မှာလည်း ရွှေတံဆိပ် ရှစ်ခုနဲ့ ရွှေအကုန်လုံးနီးပါး သိမ်းယူနိုင် ခဲ့တယ်။ အဲဒီလက်ဝှေ့ပွဲတွေကို သမိုင်း တက္ကသိုလ်ဝင်းအတွင်းက အားကစားရုံ သစ်ကြီးမှာ မြန်မာ့လက်ဝှေ့ ကျော်တွေ မော်ကွန်းထိုးနိုင်ခဲ့တယ်။ နောက် အလေးမ၊ ပြေးခုန်ပစ်နဲ့ ဘော်လီဘော (အမျိုးသား၊ အမျိုးသမီး) ပြိုင်ပွဲတွေမှာ လည်း ရွှေတံဆိပ်တွေ တစ်သီကြီးရယူ နိုင်ခဲ့တယ်။ ပြိုင်ပွဲတိုင်းမှာလည်း မြန်မာ အားကစား ပရိသတ်တွေဟာ ရုံအပြည့်၊ ကွင်းအပြည့် အားပေးကြတာ တကယ့်ကို အားရစရာကြီးပါပဲ~ ။တံခွန်အားကစားဂျာနယ်မှ ဦးထွန်းထွန်းလင်းက ၁၉၆၉ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ဆီးဂိမ်းအတွေ့အကြုံ များကို ပြန်လည်ပြောပြပါတယ်။ ဒီသမိုင်းမှတ်တမ်းတွေဟာ တစ်ကျော့ပြန် ပြန်လည်ကျင်းပနိုင်ရေးကို အားပေး အားမြှောက်ပြုနေတဲ့ အင်အားတွေပါပဲ။ အခုခေတ်မှာတော့ ဒီပြိုင်ပွဲတွေရဲ့ နောက်မှာ ထက်ကြပ် မကွာကပ်လိုက် နေတဲ့ စီးပွားရေးရလဒ် ကောင်းဖြစ်တဲ့ နိုင်ငံခရီးသွားလုပ်ငန်း၊ ၀န်ဆောင်မှု လုပ်ငန်းတွေအပြင် ကိုယ့်ယဉ်ကျေး မှုကို ကိုယ်အိမ်မှာကို ခေါ်ပြသခွင့်ရတဲ့ အခွင့်အရေးတွေကြောင့် ပြိုင်ပွဲတွေကို ပိုမို ကျင်းပချင်လာကြပါတယ်။

ဒါပေမယ့် ဒီလိုပြိုင်ပွဲတွေ လက်ခံကျင်းပဖို့ကလည်း အားကစားကွင်းနဲ့ အခြားအားကစားဆိုင်ရာ အသုံး အဆောင်ပစ္စည်းတွေကို နိုင်ငံတကာ အဆင့်မီစေရမှာ သေချာတာကြောင့် နိုင်ငံ့အားကစားလောကကို တစ်ဆင့် ပြန်မြှင့်တင်ရာလည်း ရောက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲ လက်ခံကျင်းပ မယ်ဆိုရင် အားကစားကွင်း သုံးကွင်းရှိ ပါတယ်။ သုဝဏ္ဏဘောလုံးပြိုင်ကွင်း၊ အောင်ဆန်းကွင်းနဲ့ မန္တလေးက မကြာမီက ပြုပြင်ထားတဲ့ ဗထူး အားကစား ပြိုင်ကွင်းတွေပဲ ဖြစ်တယ်။

လက်ရှိအခြေအနေအရ ထိုင်းက ဆီးဂိမ်းကို ခြောက်ကြိမ်၊ မလေးရှားက ငါးကြိမ်၊ စင်ကာပူနှင့် အင်ဒိုနီးရှားက လေးကြိမ်စီ၊ ဖိလစ်ပိုင်က သုံးကြိမ်၊ မြန်မာက နှစ်ကြိမ်၊ ဘရူနိုင်းနဲ့ဗီယက်နမ်က တစ်ကြိမ်စီ၊ လာအိုက လာမယ့် ပြိုင်ပွဲထည့်တွက်ရင် တစ်ကြိမ်နဲ့ ကမ္ဘောဒီးယားကလည်း ပြိုင်ပွဲကျင်းပဖို့ လုပ်ဆောင်နေတာတွေဟာ မြန်မာ နိုင်ငံအတွက်လည်း ပြန်လည်ကျင်းပဖို့ တွန်းအားပေးရာ ရောက်နေပါတယ်။

ဘာပဲပြောပြော မြန်မာနိုင်ငံအနေနဲ့ လက်ခံကျင်းပဖို့ ပြင်ဆင်နေပြီဆိုတာ တောင် ၂၀၁၅ ခုနှစ်အထိတော့ စောင့်ရမှာ သေချာပါတယ်။ ဒါပေမယ့် ၂၀၁၇၊ ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲတွေကို မြန်မာ့မြေ၊ မြန်မာပရိသတ်ရှေ့မှာ ပြန်လည်ကျင်းပနိုင်မယ်၊ မကျင်းပ နိုင်ဘူးဆိုတာကိုတော့ မြန်မာတစ်နိုင်ငံ လုံးက အားကစားချစ်သူတွေစောင့်မျှော် နေကြမှာပါပဲ။
Source: Myanmar Time

ဝေဟင်ပျံမယ့် မြန်မာအမျိုးသမီးလေယာဉ်မှူးများ

Image

အခုတလောရန်ကုန်က ကြားရတဲ့သတင်းတစ်ခုကတော့ စိတ်ဝင်စားစရာပါ။
လေယာဉ်မှုးအဖြစ်အမျိုးသမီးအချို့ကိုခန့်အပ်ခြင်းပါ။ ဘာပြောပြော ဒီကိစ္စဟာ ဖွံဖြိုးနေတဲ့နိုင်ငံအတွက်ဘာမှမဟုတ်ပေမဲ့(ဒါတောင်အလွန်နည်းပါတယ်) အခုလို့ မြန်မာနိုင်ငံ လိုမျိုးနေရာမှာ ဒီလို အခွင့်အရေးတွေပေါ်ထွက်လာတာဟာ အဆိုးထဲက အကောင်းအဖြစ်မျှော်လင့်ရမှာပါ။ ခန့်အပ်တဲ့ ကုမ္ပဏီကတော့ အများသိကြတဲ့အတိုင်းပဲ မိုးကျရွှေကိုယ် ထူးကုမ္ပဏီပိုင် ပုဂံအဲကပဲဖြစ်ပါတယ်။ ကျွန်တော့် blog ကိုလာရောက် အားပေးကြည့်ရှုတဲ့ သူများသိရှိနိုင်ရန်ကျွန်တော်ဖော်ပြပေးလိုက်ပါတယ်။
လေယာဉ်တုန်ခါမှုကို ခြေဖ၀ါးကတစ်ဆင့် ခံစားလိုက်တိုင်း ကျေနပ်မှုပီတိ အဟုန်မြင့်လာတယ်လို့ ဆိုတဲ့သူကတော့ များမကြာမီမှာ အမျိုးသမီး လေယာဉ်မှူး ဖြစ်လာတော့မယ့် အဲပုဂံလေကြောင်းလိုင်းမှ လေယာဉ်မယ်တစ်ဦးဖြစ်သူ မမေချိုဝင်း ပါပဲ။
အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ မမေချိုဝင်းက လေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်နေရင်း အခွင့်အရေးရတိုင်း လေယာဉ်စက်သံကို ငြိမ်ငြိမ် လေးထိုင် နားထောင်မိရင်ဖြင့် တေးဂီတသံခံစား ရသလို ပါပဲတဲ့။
~တစ်ခါတလေ လေယာဉ်ပေါ်က စီးမြင်နေရတဲ့ ကြည်လင် တည်ငြိမ်နေတဲ့ မြင်ကွင်းကို ငုံ့ကြည့်ရ တာကလည်း ကျေနပ်စရာပါပဲ~ လို့ မမေချိုဝင်း က ပြောပါတယ်။
မမေချိုဝင်းဟာ တခြားအမျိုးသမီး လေယာဉ် ၀န်ထမ်းတစ်ဦးဖြစ်တဲ့ မနှင်းဦးဝေနဲ့ အမျိုးသား လေယာဉ်ဝန်ထမ်းလေးဦးအဖွဲ့နဲ့အတူ အဲပုဂံရဲ့ အစီအစဉ်နဲ့ Integrated Aviation Academy မှာ နှစ်နှစ်ကြာသင်တန်း တက်ရောက်ဖို့ ပြီးခဲတဲ့လလယ်ပိုင်းက ထွက်ခွာ သွားပြီဖြစ်ပါတယ်။
~ကျွန်မ လေယာဉ်မှူးရာထူးကို လျှောက်ထား ဖြစ်တာက ဒီအလုပ်က အရမ်းစိတ်လှုပ်ရှားစရာ ကောင်းပြီး စိန်ခေါ်မှု အပြည့်ရှိတဲ့အလုပ်လို့ ထင်လို့ ပါပဲ~ လို့ မမေချိုဝင်းက ဆိုပါတယ်။
အစိုးရ ကွန်ပျူတာကောလိပ် ပုသိမ်မြို့က ကွန်ပျူတာနည်းပညာဆိုင်ရာ ဘွဲ့ရထားတဲ့ မမေချိုဝင်းက သူ့ရဲ့ပညာရေး နောက်ခံ¸ာ သူအခု လုပ်မယ့် လေယာဉ်မှူးရာထူးအတွက် အထောက် အကူပြုတယ်လို့ ဆိုပါတယ်။
~ အခုနောက်ပိုင်း လေယာဉ်တွေမှာ လေယာဉ် မောင်းတာကကို fly-by-wire စနစ်နဲ့ လေယာဉ်မှူး တွေက တိုက်ရိုက် ထိန်းချုပ်တာမဟုတ်ဘဲ ကွန်ပျူတာတွေကတစ်ဆင့် ညွှန်ကြားထိန်းချုပ်တာမို့ ကျွန်မရဲ့ ပညာနောက်ခံ ဗဟုသုတကို လေယာဉ်မောင်းတဲ့အခါ အသုံးချလို့ရပါတယ်~ လို့ သူက ဆိုပါတယ်။
မနှင်းဦးဝေကလည်း ဒီအတိုင်းပါပဲ။ နိုင်ငံ တကာဆက်ဆံရေးဘာသာအဓိကနဲ့ ဘွဲ့ရထားတဲ့ မနှင်းဦးဝေကလည်း နိုင်ငံတကာ လေကြောင်း လိုင်းအဖြစ် ပျံသန်းဖို့ တာစူနေတဲ့ အဲပုဂံအတွက် သူ့ပညာရေးနောက်ခံက အလွန် အထောက်အကူ ပြုပါတယ်တဲ့။ မမေချိုဝင်းက သူ့ကို လေယာဉ်မှူးအဖြစ် ရွေးချယ်ခံလိုက်ရတဲ့အတွက် အရမ်းကြည်နူးသွား မိပြီး တာဝန် ပိုရှိ သွားတယ်လို့ ခံစားရတယ်လို့ ဆိုပါတယ်။ မီဒီယာတချို့မှာ သူတို့နှစ်ဦးကို မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး လေယာဉ်မှူး တွေအဖြစ် ရေးသားထားတာနဲ့ ပတ်သက်ပြီး မမေချိုဝင်းက ဒီလိုပြော ပါတယ်။~ စိတ်လှုပ်ရှားမိတယ်။ စိုးလည်းစိုးရိမ်တယ်။ လေယာဉ်မှူးတစ်ယောက် ဖြစ်ဖို့ တော်တော် အားထုတ်ရမယ်။ ပြီးတော့ ဆုံးဖြတ်ချက်ချရဲရမယ်~ တဲ့။
အမျိုးသမီးလေယာဉ်မှူးအရေအတွက်က အမျိုး သားတွေထက် လျော့နည်းနေတာနဲ့ ပတ်သက်လို့ သူက ဒီအလုပ်ဟာ အန္တရာယ်များတဲ့ အလုပ်တစ်ခုလို့ သဘောထားခဲ့ကြတာရယ်၊ အစဉ်အဆက် အမျိုးသားတွေ ကပဲတာဝန်ထမ်းဆောင် ခဲ့တာမို့လို့ ဆိုပါတယ်။
~ ဒါပေမယ့် အခုခေတ်မှာတော့ အမြင်တွေ ပြောင်းလာကြပါပြ~ လို့ အသက် ၂၆ နှစ်ရှိပြီဖြစ် တဲ့ မနှင်းဦးဝေက ပြောပါတယ်။
အဲပုဂံက သူ့ကို ဒီလိုလေယာဉ်မှူးအဖြစ် ရွေးချယ်လိုက်တာဟာ သူ့ရဲ့လေယာဉ်မှူးအရည် အသွေးကိုသာမက ခေါင်းဆောင်မှုအရည်အသွေး၊ ခရီးသည်ဝန်ဆောင်မှု၊ အုပ်ချုပ်မှုနဲ့ စီးပွားရေး ဆိုင်ရာ အရည်အသွေးတွေကိုလည်း မြှင့်တင်ရာ ရောက်ကြောင်း ဆိုပါတယ်။
~ လေယာဉ်ပျံသန်းတဲ့ အခြေခံပဉ္စလက်ကို ခံစားမိနေသလိုပဲ။ အဲဒါက လေယာဉ်ပျံသန်းမှု အရှိန်တို့၊ သက်သောင့် သက်သာ ရှိမှုတို့နဲ့ မဆိုင်ဘူး။ လေယာဉ်ပျံသန်းတာက ပဉ္စလက်တစ်ခုပဲလို့ ထင်တယ~ လို့ မနှင်းဦးဝေက ပြောပါတယ်။
ဒီသင်တန်းပြီးရင်တော့ သင်တန်းတက်ဖို့ စေလွှတ်ခံရတဲ့ သူတို့ခြောက်ယောက်ဟာ အဲပုဂံရဲ့ ပြည်တွင်းပြည်ပ ခရီးစဉ်တွေမှာ လေယာဉ်မှူးများအဖြစ် တာဝန်ထမ်းဆောင်ရမှာပါ။
မလေးရှားတက္ကသိုလ်မှာ သူတို့တစ်တွေဟာ လေခွင်းအားနဲ့ လေယာဉ်ပျံသန်းမှုစည်းမျဉ်းစည်းကမ်း၊ ရာသီဥတု အပြောင်းအလဲ အနေအထား စတဲ့ဘာသာရပ်တွေကို သင်ကြားရမှာဖြစ်ပါတယ်။
ဒီလိုမျိုးဆက်သစ် အမျိုးသမီးလေယာဉ်မှူးတွေ ပေါ်ထွက်လာတာနဲ့ ပတ်သက်ပြီး ၁၉၅၆ ခုနှစ်က လေယာဉ်အပေါ့စား (ဂလိုက်ဒါ) မောင်းပြခဲ့တဲ့ မြန်မာအမျိုးသမီးလေယာဉ်မှူး ဒေါ်လှသန်းက ~ ဒီလိုအမျိုးသမီး လေယာဉ်မှူးတွေ ပေါ်ပေါက် လာတာ ၀မ်းသာစရာပါ။ မြန်မာအမျိုးသမီးလေးတွေ အတွက် လမ်းပွင့်သွားပြီလို့လည်း ဆိုချင်ပါတယ်။ ဒါပေမယ့် နှစ်ပေါင်း ၅၀ ကြာပြီးမှ ဒီလိုဖြစ်လာတာ နောက်တောင်ကျနေပြီလို့ ပြောရမလိုပါ~ တဲ့။
အခုဆိုရင် အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်လှသန်းဟာ အစ္စရေးနဲ့ အင်္ဂလန်တို့လို နိုင်ငံရပ်ခြားမှာ လေယာဉ်မောင်း အတတ်ပညာကို ဆည်းပူးလေ့လာခဲ့ပြီး မြန်မာနိုင်ငံမှာလည်း စိန်တံဆိပ်ရှင် ယူဂိုဆလပ်ဆရာ တစ်ဦးရဲ့ကြီးကြပ်မှုနဲ့ လေ့လာ ဆည်းပူးခဲ့တယ်လို့ သိရပါတယ်။
~ အဲဒီအချိန်ကတည်းက အမျိုးသမီးတွေ အတွက် လေယာဉ်မောင်းကလပ်တွေ ဆက်တိုက် ဖွင့်ပေးခဲ့ရင် အခုဆိုရင် မြန်မာအမျိုးသမီး အာကာသယာဉ်မှူးတွေ ရှိနှင့်ပြီပေါ့~ လို့ သူက အားမလိုအားမရ ပြောပါတယ်။
ဒေါ်လှသန်းတို့ ဂလိုက်ဒါ မောင်းနှင်ပြစဉ် ကာလတုန်းက ကားမောင်းတတ်တဲ့ မိန်းကလေး တောင်မှ မရှိသလောက် နည်းပါးတဲ့အချိန်လို့ ဆိုရမှာပါ။
~ အန်တီ မိတ္ထီလာမှာ ဂလိုက်ဒါမောင်းပြပြီး ဆင်းလာတဲ့အခါမှာ ပရိသတ်က မယုံနိုင်လို့ အသားကို လာထိကြည့် ကြတယ်။ အဲဒီရှေးကျတဲ့ အချိန်တုန်းက အန်တီဟာ ခေတ်ရှေ့ပြေးဖြစ်ခဲ့တယ်။ မိန်းကလေးတွေ အရာရောက် လာတာကို အရမ်းဝမ်းသာပါတယ်~ တဲ့။လို့ပြောကြားသွားပါတယ်။

လေအေးပေးစက်သုံးမှာလား ဒဏ်ငွေဆောင်မှာလား။

ဒီနေ့ သောကြာနေ့ (9/3/2007) ဖြစ်သည့် အလျှောက် ပျင်းပျင်းနဲ့ မြန်မာအစိုးရသတင်းစာကိုဖတ်မိပါတယ်။ အမှတ်မထင် ဆောင်းပါးရှင် ငါးမင်းဆွေဆိုသူ ရေးသား ထားတဲ့ -ကုန်းဈေးနှုန်းကျချင်သလား၊လျှပ်စစ်မီးမှန်ချင်သလား။- ဆောင်းပါးကိုဖတ်မိ ပါတယ်။ တော်တော်တော့ အပျင်းပြေသားဗျ။ ရီးစရာတွေ ချည်းပဲ။

ပထမတွင်တော့ နိုင်ငံတော်အစိုးရက ဘယ်လိုနိုင်ငံတော်အတွက်ဆောင်ရွက်နေတာ၊ သူဟာ နိုင်ငံတော်နှင့် ပတ်သက်သော်ငြားလည်း မည့်သို့မျှအခွင့်အရေးမယူကြောင်း၊ ထို့အတွက် အမျိုးသားရေး ဦးဝင်းနိုင် ကို RFA မှနေ၍ လူကြီးလူကောင်းပီပီပြန်လည်တောင်းပန် ဖို့အတွက်ရေးထားပါတယ်။

နောက်ပိုင်းတွင်တော့ အဓိက ခေါင်းစဉ်ဖြစ်တဲ့ ကုန်းဈေးနှုန်းကျဆင်းရေး နှင့် လျှပ်စစ်မီး ကိစ္စ ကိုပြောသွားပါတယ်။ အဲ့ဒီ အထည်မှာ မှ အရမ်းရီစရာ ကောင်းတဲ့ အကြောင်းလေးကို ပြောပြ ချင်ပါတယ်။

လျှပ်စစ်မလုံလောက်သော ယခုအချိန်တွင် လျှပ်စစ်ကို ခြိုးခြံ ချွေတာသုံးစွဲဖို့၊ လေအေးပေး စက်များ ဟာလျှပ်စစ်အမြောက်အပြား သုံးစွဲကြောင်း၊ အိမ်သုံး လေအေးပေးစက် သည် လျှပ် စစ်ဓာတ်အား ၀ပ် ၁၁၀၀ မှ ၀ပ် ၂၀၀၀ အထိသုံးစွဲရကြောင်း၊ အိမ်သုံး လေအေးပေးစက် တစ် လုံးသုံးစွဲခြင်းဟာ ၀ပ် ၄၀ အား လေးပေမီးချောင်း အချောင်းလေး ငါးဆယ်သုံးစွဲမှုနှင့် ညီမျှ ကြောင်း၊ ထို့ကြောင့် လူနေအိမ်များ နှင့် ရုံးခန်းများတွင် လေအေးပေးစက်သုံးစွဲမှု ကို ပိတ်ပင် လိုက် ပါက ရပ်ကွက် အိမ်ရာများ မီးပိုလင်းလာမည်ဖြစ်ကြောင်း၊ ၄င်းကိုတိုင်းလည်း ကြိုက်နှစ် သက်သူဖြစ်ကြောင်း၊ သို့သော် လူနေအိမ်များ မီးလင်းပြီး ကျောင်းသား၊ ကျောင်းသူများ စာဖတ် နိုင်ရန် ပို အရေးကြီးကြောင်း၊ ဒါကြောင့် လူနေအိမ်များ၊ ရုံးခန်းများတွင် တပ်ဆင် ထားသော လေအေးပေးစပ်များဖြုတ်သိမ်းသင့်ကြောင်း၊ သုံးစွဲပါက ထိရောက် ဟန့်တား လောက်သော ဒဏ်ငွေများ ချသင့်ပါကြောင်း၊ ထိုသို့ လုပ်ဆောင်လိုက်ပါက လူနေ အိမ်ရာ ရပ်ကွက်များ ယခုထက်ပို၍ မီးမှန်လာမည်ဖြစ်ကြောင်းရေးထားပါတယ်။

တော်တော်လေးကိုရီလိုက်ရတာ။ သြော် တော်ပါပေတဲ့ ငတုံးကြီး ငါးမင်းဆွေရယ်ဆိုပြီးတော့။

ဦးဏှောက်ယိုစီးမှုပြဿနာများ

ဒီနေ့ရုံးမှာ အင်တာနက် Connection ပျက်နေတာနဲ့ ကျွန်တော်ရဲ့ blog အတွက် စာလေးနည်းနည်းရေးဖြစ်ပါတယ်။
နေ့စဉ်နေတိုင်း စင်္ကာပူတွင် အလုပ်လုပ်ရန်ရောက်ရှိနေတဲ့ ကျွန်တော်ရဲ့ ရန်ကုန်ကလုပ်ဖော်ကိုင်ဖက်ရောင်ရင်းများအကြောင်းပါ။ တစ်နေ့က မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက အမှုဆောင်တစ်ယောက် ဒီမှာ ရောက်နေတာနဲ့ သူနှင့်ထမင်းသွားစားဖြစ်ကြပါတယ်။ စားရင်းသောက်ရင်းနဲ့ပဲ. သူကိုတောင် စ သလိုနဲ့မေးလိုက်မိသေးတယ်။ အန်ကယ်.. ရန်ကုန်မှာ ကွန်ပျူတာ ပရိုဂရမ်မာတွေကျန်သေးရဲ့လားလို့။ သူက ရီမောပြီးပြန်ပြောတယ်။ ရှိတယ်.. စစ်တပ်ထဲမှာတဲ့။
ကျွန်တော်အနေနဲ့သူအဖြေကိုမအံ့သြမိပါဘူး။ ပညာရှင်ဆိုတာ ပညာရှင်လိုဆက်ဆံမှ ပညာရှင်လို အလုပ်လုပ်နိုင်မယ်ဆိုတာ ပညာရှင်တွေတော်တော်များများသိမှာပါ။ နောက်ပြီးပိုဆိုးတာက အခုလိုဒီနေ့ ကမ္ဘာမှာ အပြောင်းအလဲတွေးကလည်းမြန်မှမြန်။ အဲ့ဒီအပြောင်းအလဲတွေ ကို အနောက်က အမှီလိုက်နိုင်မှ တော်ရုံကျမှာ က အနာဂတ်မြန်မာနိုင်ငံကြီးကိုတည်ဆောက်မယ့် ခေတ်လူငယ် တွေဖြစ်ပါတယ်။ အဲ့ဒီလိုလိုက်ဖို့အတွက် အင်တာနက်ကြတော့ လည်း websites အများပြားကိုလည်းပိတ်ထား၊ ကမ္ဘာရဲ့တစ်ဖက်ခြမ်းကိုရောက်နေတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်များနဲ့ဆက်သွယ်ဖို့လိုတဲ့ အီးမေလ်ကျတော့လည်းပိတ်ထားနဲ့ တော်တော်ကို အဆင်မပြေဖြစ်ကြမှာပါ။ ဒီကြားထဲ လျှပ်စစ်မီးကလည်းမမှန်၊ ကုန်းဈေးနှုန်းကကြီးပြီး ရတဲ့လစာက နည်း။ ဟိုဟာလုပ်လည်းလုပ်ပြန်ပြီ၊ ဒီဟာလုပ်လည်းလုပ်ပြန်ပြီ။ ဟူး….ရေးရင်နဲ့တောင်ချွေးကြလာပြီ။
သူတို့ကိုသာာ လုပ်ပိုင်ခွင့်၊ လုပ်နိုင်ခွင့်တွေ အခွင်အရေးတွေသာပေးလိုက်မယ် ဆိုရင် သူတို့တွေဟာ အိုးမကွာ၊ အိမ်မကွာနဲ့ ကိုယ့်နိုင်ငံတိုးတက်ရေး၊ အောင်မြင်မှုရရှိရေး အတွက် တတက်တအားပါဝင်နိုင်ကြမှာပါ။ ဘာလို့လည်းဆိုတော့ လူငယ်ဆိုတာ တိုင်းပြည့်ရဲ့ အနာဂတ်စွမ်းအင်မလို့ပါ။ ပြီးတော့ သူတို့တွေဟာ အစွမ်းအစရှိတဲ့လူငယ်တွေဆိုတာ ဘယ်သူမှ ငြင်းရဲမှာလည်းမဟုတ်ပါဘူး။ ဒီလိုအခြေအနေ မှာတောင် ဒီလောက်ဖြစ်အောင်လုပ်နိုင်ကြတာဆိုတော့။
ဒါပေမယ့်အဲ့ဒီတန်ဖိုးရှိတဲ့လူငယ်တွေ၊ ပညာရှင်တွေဟာ သူတို့နေထိုင်ရာတိုင်းပြည်ကို တဖြည်းဖြည်းစွန့်ခွာနေကြပါပြီ။ ဘာဖြစ်လို့လဲဆိုတော့..ရှင်းရှင်းလေးပါ။သူတို့ကိုမလိုတော့ ..လိုတဲ့လူဆီသွားရမှာပဲလေ။
ယခုကျွန်တော်နေထိုင်ရာစင်ကာပူဆိုတဲ့ နိုင်ငံလေးတစ်နိုင်ငံမှာတောင်မှာ မြန်မာနိုင်ငံသား အောက်ခြေမှ ပညာရှင်အထိ ၃သိန်းကျော်ရှိတယ်ဆို ဘဲ။ တစ်နိုင်ငံလုံး ၄ သန်းနီးပါ်းရှိတဲ့ အချိန်မှာ ၃ သိန်းကျော်ရှိတယ်ဆိုတော့. အနည်းဆုံး ၈% လောက်ဖြစ်နေပြီ။
ပိုဆိုးတာက စင်ကာပူအစိုးရက အခုအချိန်မှာ သူ့နိုင်ငံမှာ လူဦးရေတိုးပွားအောင်ဆိုပြီးတော့ တခြားနိုင်ငံကနိုင်ငံသားတွေကို မက်လုံးတွေပေးပြီး သူတို့နိုင်ငံသား၊ အမြဲနေထိုင်ခွင့်လက် မှတ်တွေပေးနေတော့ ပိုလို့ဆိုးပြီးပေါ့။ အခုဆိုမြန်မာသံရုံများ လျှောက်လွှာတွေအများကြီးပါပဲ။
တခြားတော့မထင်ပါနဲ့။ မြန်မာနိုင်ငံသားအဖြစ်မှစွန့်လွှတ်ကြောင်း လျှောက်လွှာတွေပါ။
ဘာပြောပြော စင်ကာပူကတော့ အမြတ်ရသွားတာအမှန်ပါပဲ။ လုပ်နိုင်၊ကိုင်နိုင် အစွမ်းအစရှိပြီးပညာတတ်အများ အပြား ကို အဆင့်သင့်ရသွားလို့ပါ။ သြော်မြန်မာနိုင်ငံကတော့ ရှုးံတာလားမြတ်တာလား ဆိုတာ စဉ်းစာကြည့်ကြပါ။
ဒါတောင် စင်ကာပူတစ်နိုင်ငံပဲရှိပါသေးတယ်။ အခြားနိုင်ငံအများအပြားမှာလည်း မြန်မာအများအပြား ရောက်ရှိနေပါသေးတယ်။
ဒီဟာ က အစားထိုးလို့မရတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ဦးဏှောက်ယိုစိမ့်မှုဖြစ်ပါတယ်။ အနာဂတ်နိုင်ငံတော်ကြီးကို လက်လွှဲယူမဲ့ အမိနိုင်ငံရဲ့ ပညာတတ်တွေဟာ အခြားနိုင်ငံရဲ့အနာဂတ်ကို တည်ဆောက်ဖို့စွန့်ခွာနေကြလို့ပါ။ စွန့်ခွာတယ်ဆိုတာလည်း စွန့်ခွာအောင်ဖန်တီးထားလို့ဖြစ်ပါတယ်။ မည်သူမဆို ကိုယ့်မွေးဖွားတဲ့နေရာမှာပဲနေချင်မှာအမှန်ပါပဲ။ ဒါပေ့မယ့်လည်းနေလို့မရအောင်အခြေအနေ တွေကဖြစ်ခဲ့ပြီကို။

ပုဂ္ဂိုလ်ရေး နှင့် ဘာသာရေး များ ကိုရောမွှေကာထား သော အယ်ဒီတာ၏စကားများ..။

Image
Image
ကျွန်တော် ဒီတစ်ပတ်ရုံးပိတ်ရက်မှာ ရွှေမြန်မာ မဂ္ဂဇင်း ကို ဖတ်ဖြစ်ခဲ့မိပါတယ်။ ဒါပေမယ့် ဖတ်ဖတ်ခြင်းပဲ စပါးလုံးထောက်စရာလေးတွေ တွေ့ခဲ့မိပါတယ်။ မဂ္ဂဇင်း ရဲ့ အယ်ဒီတာချုပ်ဆိုသူက သူရဲ့လုပ်ပိုင်ခွင့်များကို အပြည့်အ၀အသုံးချပြီး ဘာသာရေး နှင့်
ပုဂ္ဂိုလ်ရေး များ ကို ရေးခြင်သလို ကျောင်းဆရာမှ တပည့်များကို ဆုံးမသည့် ပုံစံနှင့် ရေးထားပါတယ်။
သူက ပြောထားသေးတယ်..။ ]]မေတ္တာစိတ်ရှိကြတယ်၊ စိတ်ထားမြင့်မြတ်သိမ်မွေ့ကြ တယ် ဆိုတဲ့ ဗုဒ္ဓဘာသာကိုးကွယ်သူလူမျိုးတွေရဲ့ တိုင်းပြည်တွေဟာ ဘာလို့ဒီလောက် ဆင်းရဲနေကြတာလဲလို့ တခြားဘာသာဝင်တွေ၊ တခြားလူမျိုးတွေက မေးချင်စရာ တွေဖြစ်လာကြတယ်။ အဲဒါကို ပြန်ပြီးဆန်းစစ်ဖို့၊ ကိုယ့်ကိုယ်ကိုယ်လည်း အနုလုံ ဝေဖန်စဉ်းစားဖို့ လိုနေပြီလို ထင်တယ်ဗျာ။
ကျွန်တော်မေးမယ်၊ ခင်ဗျားတို့ ဗုဒ္ဓဘာသာဝင် အစစ်တွေလား။ }}


ဖတ်ကြည့်ကြပါဗျာ။ တစ်မျိုးကြီးဖြစ်မနေဘူးလား။ ဗုဒ္ဓဘာသာကိုးကွယ်ရင်ချမ်းသာရ မယ်လို့ မြတ်စွာဘုရားက မဟောကြားခဲ့ပါဘူး။

ထပ်မေးထားသေးတယ်... သူက. ]] သစ္စာလေးပါးနဲ့ အနတ္တတရား လောက်မှ ထဲထဲ ၀င်ဝင်နားမလည်းဘဲ ယုံကြည်တယ်လို့ မဖြေပါနဲ့။ ယုံကြည်တယ်လို့ (အရှက်မရှိဘဲ) ဆက်ဖြေနေသေးတယ်ဆိုရင် နောက်ထပ်မေးခွန်းတစ်ခုထပ်မေးဦးမယ်။
ပြသာဒါးတွေ၊ ရက်ရာဇာတွေ၊ ယကြာတွေနဲ့ ဘယ်ဟာကို ပိုယုံကြည်သလားတဲ့။

စဉ်းစားကြည့်ဗျာ။ ဘာဆိုင်လို့တုံး။

]]နောက်ထပ်ပြောသေးတယ်။ ဘုရားကို ခုတုံးလုပ်ပြီး ပေါက်တတ်ကရတွေ (တကယ့်ကို ပေါက်တတ်ကရတွေပါ) လျှောက်လုပ်နေကြတာနဲံ အောင်မြင်ကြရောလား၊ ဘယ်သမိုင်း ဘယ်ရာဇ၀င်မှာမှ အစအဆုံးအောင်မြင်သွားတယ်ဆိုတယ အမှတ်အသားမရှိပါဘူး။ ကျွန်တော်မယုံဘူး }} လုပ်ပြန်ပြီ။

သူမယုံတာနဲ့ဘဲ တဖက်လူတွေကို စော်ကားပြီးပြောပြန်ပြီ။ ကျွန်တော်ဒီလိုပြောလို့ ကျွန်တော်ကို ဗေဒင် အရမ်းယုံတယ်လို့မထင်ပါနဲ့၊ မယုံဘူးလို့လဲ မထင်ပါနဲ့။
ဒါပေမယ့် အတိုင်းအတာတစ်ခုတော့ရှိတာပေါ့ဗျာ။ ဗေဒင်ပညာဆိုတာ မြတ်စွာဘုရား လက်ထက်ကတည်းကရှိခဲ့လို့ ပုဏားတွေတောင် ဟောခဲ့သေးတာပဲ။

ဒါပေမယ့်ဗျာ ငါ့ အယ်ဒီတာချုပ်ကွ ငါမကျေနပ်ရင် ငါကြိုက်သလိုရေးမယ်ဆိုပြီးတော့ ရေးတာကတော့ စာအုပ်တန်ဖိုး၊ သူရဲ့ ဒေါက်တာဆိုတဲ့ တန်ဖိုးကြီး ကိုအရင် ဂရုစိုက် ဖို့ကောင်းပါတယ်။ သူရေးထားတာတွေ ဖတ်ဖို့အတွက်ကျွန်တော် တင် ပေးထားပါတယ်။