Showing posts with label Story. Show all posts
Showing posts with label Story. Show all posts

A Personalized Birthday Story

It's from http://www.bethanyroberts.com/BirthdayStory.htm

Once upon a birthday, there was a young boy named Mr. Programmer. Mr. Programmer was 29 years old and lived in Singapore, . Mr. Programmer was walking home from Work, thinking about birthday cake and presents. Suddenly a giant Cheeky jumped out from behind a and pounced on Mr. Programmer! But as he was about to scream for help, Mr. Programmer realized the Cheeky was only licking his face. In fact, the furry kisses tickled! Mr. Programmer giggled and decided to keep the giant Cheeky as a pet. And on the way home he decided to name his new pet ''Micky.''

When Mr. Programmer and Micky finally got home, his Mom, Mom, was standing on the front porch. And was she surprised to see a Cheeky following Mr. Programmer home! ''What in world is that?'' cried Mr. Programmer's Mom. ''It's a giant Cheeky ,'' answered Mr. Programmer. ''I can see that, Mr. Programmer, but what in the world is it doing here?'' ''It's my birthday. Can it be my new pet?'' answered Mr. Programmer. ''Oh, dear,'' said Mr. Programmer's Mom. ''I wouldn't get your hopes up. You know your father doesn't like Cheeky s. But, it is kind of cute. And it is your birthday. I suppose you can keep it while I finish frosting your birthday cake.'' And with that, Mr. Programmer hugged Micky and led his new pet into the house--even though he knew his father would probably not let it stay.

Once in the house, Mr. Programmer and Micky played Age Of Empire, until Mr. Programmer's favorite television show, '','' started. Then Mr. Programmer forgot all about watching Micky. But half way through , Mr. Programmer heard his father, Dad, shout, '' Mr. Programmer ! Get in the ...NOW!!'' Mr. Programmer rushed into the , where his Dad was pointing toward the . ''Look what your new pet did!'' he said. Mr. Programmer looked. There were balloons and streamers, hanging from the ceiling. Mom and Dad were wearing party hats. But right in the middle of the , were the messy remains of the birthday cake! ''I'll clean it up, Dad,'' said Mr. Programmer. ''I'm sorry, Mr. Programmer, said his Dad, ''but a giant Cheeky is not a good pet. You'd better find it a new home.''

So Mr. Programmer looked to see where Micky was hiding. Soon Mr. Programmer found Micky crouched beneath the table where Mr. Programmer did his Music. ''Come on, Micky, you have to go. And hey, don't look at me that way, I'm not the one who ate the cake and made a mess!'' said Mr. Programmer. And Mr. Programmer started to lead Micky out of the house and down to the local Cold Storage. Mr. Programmer knew the store owner would find Micky a good home. So after hugging Micky and saying good-bye, he thanked the owner of Cold Storage, and walked backed home. Mr. Programmer didn't notice the Cheeky was following! Back home, Mr. Programmer sadly slurped six Milk shakes. But Mr. Programmer's father reminded him about the mess he still had to clean up. Halfway through the clean-up, Mr. Programmer suddenly noticed Micky in the doorway. ''Micky! You're back!'' he shouted. Micky hopped up and down and gave everyone furry, tickling, BIG kisses. Even Mr. Programmer's father giggled. ''I guess that Cheeky can stay,'' said Mr. Programmer's Dad. Micky was a birthday pet after all! Mr. Programmer's Mom baked another Chocolate cake, and they all celebrated. What a happy birthday it was! The End.

ကျော်တော့လှေသူကြီး ညားတော့ လှေထိုးသား။

ကျနော်ပြောပြချင်တဲ့ ပုံပြင်လေးတစ်ပုဒ် အပိုင်း(၇)။

ဒီနေ့ ရုံးသို့ရောက်တာနဲ့ ဘဏ်ခွဲအသစ်ဖွင့်ရန်အတွက် လိုအပ်သော ကွန်ပျူတာ၊ နှင့် ဆက်စပ် ပစ္စည်းများကို စာရင်းလုပ်ရတော့သည်။ လိုအပ်သည်များကို ၀ယ်ခိုင်းပြီး၊ ရှိနှင့်ပြီးသား ပစ္စည်းများကိုလည်း ပြင်ဆင်ရသည်။ ထမင်းစားသွားတော့ မြောင်းမြက လူများနှင့်တွေ့ပြန်သည်။ ဒါနဲ့ပဲ သူတို့ က တစ်ယောက်ထဲလားလို့ လှမ်းမေးသည်။ ` ဟုတ်တယ်´ လို့ပြန်ဖြေတော့ သူတို့တွေ ကျနော်ထိုင်နေသည့် ၀ိုင်းသို့ကူးလာသည်။

`ည က ကျနော်အိမ်ကို ဘယ်သူလဲမသိဘူး၊ ဖုန်းဆက်တယ်ဗျာ။ ဘာမှန်းလဲမသိဘူး။ဘာမှ လည်းပြောမသွားဘူး။´ဒီလိုပြောလိုက်တော့ သူတို့အထဲက တယောက်က ပြူံးစိစိနဲ့။
ကြည့်ရတာ သူတို့ ကျနော်ကို စ နေသည်ထင်သည်။ ကျနော်လည်းမသိချင်ယောင်ဆောင် ပြီး စားလက်စ ထမင်းကိုဆက်စားနေလိုက်သည်။ မစုမြတ်က စပြီး `ကိုတေဇ. ဒီတပတ်ရုံးပိတ်ရက်အားလား။´ `ဘာဖြစ်လို့လဲ၊ အခုထိတော့ အားနေတုန်းပဲ´ လို့ပြန်ဖြေလိုက်သည်။ သူ့ကြည့်ရတာဒီနေ တစ်မျိုးဖြစ်နေပုံရသည်။ ပိုဆိုးသည်မှာ သူက ကရင်ဆိုတော့ ပိုဆိုးသည်။ ဟန်မဆောင်တတ်သည့် ပုံက သူ့မျက်နှာပေါ်မှာ ထင်နေသည်။ `အားရင် ရုပ်ရှင်သွားကြည့်ကြမယ်လေ။ အခုရုံမှာ တင်တဲ့ ဒွေးကားကြည့်ချင်လို့´။ ပြဿနာပဲ။ အလိုလိုမှ ရီးစားထားမလို့ ကြိုးစားနေတုန်းရှိသေးတယ် သူကတစ်မျိုးဖြစ်ပြန်ပြီ။ ဒီလိုနဲ့ `ကြည့်ကြတာပေါ့၊ ကျနော်အနားနီးရင်ပြန် confirm လုပ်မယ်´ လို့ပြန်ဖြေလိုက်ရသည်။ စိတ်ထဲတွင်တော့ သူ့နေရာမှာ ကျနော်သိတ်တခိုးချစ်နေရတဲ့ ကောင်မလေးသာဆိုလို့ ကတော့ ချက်ချင်းကို အခုသွားကြည့်မှာပဲလိုတွေးနေမိသည်။ ဒါပေမယ့်လဲ သူဘယ်ရောက်လို့ ဘာလုပ်နေသည် မသိပါ။ နောက်ပြီးညက ဖုန်းဆက်တာ သူမဟုတ်ဘူးလားဆိုသည့် အတွေးကလည်းရောက်နေသည်။ ဖြစ်နိုင်ချေရှိသည်မှာ မစုမြတ်ဖြစ်နိုင်သည်။ ဒါပေမယ့်မသေချာ။ မေးလည်းမေးမကြည့်ချင်တော့။

ထမင်းစားပြီး ကျနော်အခန်းထဲကို ရောက်သည်နှင့် ကျနော်လက်များက ကျနော်စားပွဲပေါ်မှာ ရှိတဲ့ဖုန်းခွက် ဆီကို အလိုလိုရောက်ရှိသွားသည်။ သူဆီဖုန်းခေါ်တော့လည်း သူထမင်းသွားစားနေသည်။ ကြည့်ရတာ သူကျနော်ကို စိတ်ဝင်စားပုံမရ။ အခုထိလည်းဖုန်း ပြန်မဆက်သေးဘူး။ မအားလို့ပဲလား။ ဒါမှ မဟုတ် ကျနော်နဲ့ စကားမပြောချင်တော့လို့လား မသိ။ စိတ်ဓာတ်တွေတော်တော်ကျသွားသည်။ ကျနော်ကိုယ် ကျနော်လည်း ဘာဆက်လုပ်ရမှန်းမသိ ဖြစ်သွားသည်။ ဖုန်းလည်းထပ်မခေါ်ချင်တော့။ စိတ်ညစ်ညစ်နဲ့ တန်းလန်းဖြစ်နေသော အလုပ်ကိုပြီးအောင် အရင်လုပ်လိုက်ရသည်။


မကြာခင်မှာစားပွဲပေါ်က ဖုန်းကမြည်လာပါသည်။ ကျနော်ကိုင်လိုက်ရာ ရုံးထဲရှိ အခြားဌာနတစ်ခုက အမတစ်ယောက် လှမ်းစခြင်းဖြစ်သည်။ `တေဇ မောင်လေး၊ အမမြင်လိုက်တယ်နော် Canteen မှာ ဟို ကရင်မလေးနဲ့။ အန်တီဆီကို ဖုန်းဆက်ပြောလိုက်ရမှာလား။´ လာပြန်ပြီ။ ဒီလူတွေကလည်း ဘာမှန်းညာမှန်းမသိ ရမ်းသမ်းပြောတဲ့နေရာမှာ နှစ်ယောက်မရှိဘူး။ `ဘယ်ကသာ ဟုတ်ရမှာလည်း အမရယ်.. ကျနော်ကြိုက်တာ ဒီဘဏ်ကမဟုတ်ဘူးလို့´ ချက်ချင်းကို ငြင်းပြစ်လိုက်ရသည်။ သူကထပ်ပြောသေးသည်။ `ကောင်မလေးက ချောတယ်နော်။ ရှယ်ပဲ´တဲ့။ ရှယ်ချင်ရှယ်၊ မရှယ်ချင်နေ၊ ကျနော်ကတော့ ကျနော်မမပဲလို့ ပြောလိုက်တော့မှ ဖုန်းချသွားသည်။ ခက်တာပဲ။ ဘယ်နှစ်ယောက်လောက်ကများ ကျနော် ကို မစုမြတ်နှင့်ထင်နေသည်မသိ။ သူ့ကိုဘယ်လိုမျက်နှာချင်းဆိုင် ရမှန်းတောင်းမသိတော့ဘူး။

ဒီနေဘယ်သွားသွား ရုံးကလူတွေက ကျနော် ကို ပြုံးစိစိလုပ်နေသည်။ ဘာတွေဖြစ်နေမှန်းမသိဘူး။ နောက်ဆုံးကျမှ ကျနော်နဲ့ ညီအကိုလိုခင်တဲ့ အကိုတစ်ယောက်ထံ မှသိလိုက်ရသည်။ `တေဇ က ဒီလိုကွ။ လူတစ်ချို့က မင်း ချောင်းသာ အသွား လမ်းမှ ပုသိမ်က ကောင်မလေးတစ်ယောက် ကိုကြိုက်လာတယ်။ ပြီးတော အခုမြောင်းမြဘဏ် က ၀န်ထမ်းတွေကို မင်းက သင်တန်းပေးရင်နဲ့ သူတို့ နဲ့ ရင်းနှီးတော့ သူတို့ က မင်းကောင်မလေးကို မြောင်းမြဘဏ် က လို့ထင်နေကြတာ။´
ပြဿနာပဲ။ အခုမှ ကောလဟာလ ကို ကိုယ်ထိလက်ရောက် ကြုံလိုက်ရတော့သည်။ တော်တော်ကို စိတ်ရှုပ်သွားမိသည်မှာ အမှန်ပင်။ အလိုလိုမှ ကျနော့် ချစ်တဲ့ မမ နဲ့ အဆက်အသွယ်ပျက် နေခါမှ ဘယ်ကဘာမှန်းမသိတဲ့ သတင်းတွေက၀င်လာသည်။
ညနေ ၅.၃၀ ထိုးပြီ ဆိုတာနဲ့ တပြိုင်ထဲ ရုံးမှ ကားမောင်း၍ ပြန်လာခဲ့ရာ ရုံးဝင်းမှ အထွက် မစုမြတ် တို့အုပ်စု နဲ့တစ်ခါထပ်တွေ့ပြန်ပြီ။ သူက ပြုံး၍ ကျနော်ကိုလှမ်းနှုတ်ဆက်သည်။ ကျနော်ကလည်း ပြန်ပြုံးပြရင်းနဲ့ `မပြန်သေးဘူးလား´ လို့မေးလိုက်မိသည်။ သူက `ပြန်စေချင်ပြီးလား´ လို့ပြန်စလိုက်တော့ ကျနော် ဘာပြန်ပြောရမှန်းမသိအောင် ကျနော်ရဲ့ မျက်နှာ ရဲတက်သွားသည်။ `မဟုတ်ပါဘူး။ ခါတိုင်းဆို အစောကြီးပြန်တတ်လို့ပါလို့´ ပြောပြီး မောင်းထွက်လာခဲ့သည်။

အိမ်ရောက်တာနဲ့ ရေချိုး၊ ထမင်းစားပြီး အိမ်ရှေ့ခန်းမှာ တီဗွီကြည့်ရင် စိတ်ကူးရင်နေမိသည်။ မကြာပါဘူး အိမ်ခန်းထောင့်ရှိ ဖုန်းက အသံမြည်လာသည်။

ဆက်ရန်။

ကော်ဖီကြိုက်သွားသောကျနော်။

ကျနော်ပြောပြချင်တဲ့ပုံပြင်လေးတစ်ပုဒ် အပိုင်း(၆)။

ရင်ခုန်သံတွေပြင်းထန်စွာဖြင့် နှစ်ယောက်အတူတူ ဓာတ်လှေခါးထဲသို့ရောက်လာခဲ့သည်။
နှစ်ဦးသားခေါင်းကိုငုံ့ထားပြီး အမှတ်မထင်သူ့ကိုကြည့်လိုက်ချိန်တွင် သူထံမှ လည်းအကြည့်တစုံကိုရလိုက်သည်။
ဒီလိုနဲ့ ကျနော်ကပဲ စပြီး ငြိမ်သတ်နေတဲ့ ပတ်ဝန်ကျင်းကြီးကို ဖြိုခွဲလိုက်ပြီး " Uniform နှင့်လည်းလှတာပဲ" ဟုအရဲစွန့်၍ပြောချလိုက်သည်။
သူ့မျက်နှာလေးတွင်ကြက်သွေးရောင်ဖြန်းသွားတော့သည်။
``ဘာသောက်မလဲ၊ တစ်ခုခုသောက်ပါ။ ကောဖီကြိုက်လား၊ ကော်ဖီပဲမှာလိုက်မယ်။ ´´ တစ်ခါမှ ကော်ဖီမသောက်သောကျနော် ဘယ်လိုလုပ်ခေါင်းညိတ်သွားမိမှန်းမသိ။
သူ့ကိုကျနော်လိပ်စာကဒ်ကလေးထုတ်ပေးလိုက်ပြီး တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်ဖြစ်သွားသည်။ သူက ကျနော်ထက်၂နှစ်ကြီးသည်။ ပြီးတောတစ်ယောက်နှင့်တစ်ယောက်ဘဏ်နှင့်ပတ်သတ်တာတွေကို ပြောဆိုကြသည်။
ဒီနေ သူ့ကိုကြည်ရတာပိုချောနေသလိုပဲ။ ကြည့်ရတာ သူရဲ့ ကျနော်အတွက်ဟုထင်ရတဲ့ အပြုံးလေးများသူ့မျက်နှာတွင် ပန်ဆင်ထားချင်ကြောင့်ဖြစ်မည်။
ကျနော်လည်းသူရဲ့ အလုပ်ချိန်ကို အားနာသဖြင့် နှုတ်ဆက်ကာ ကိုကျော်မင်းကိုခေါ်၍ပြန်လာခဲ့ပါသည်။
အပြန်လမ်းတွင်တော့ စကားမပြောနိုင်၊ သူ့ရဲ့ အပြုံးလေးများကလမ်းတစ်လျှောက်ဖမ်းစားထားသည်။
ရောက်ရောက်ချင်းပဲ ကိုကျော်မင်းကို မနက်ဖြန်သူသွားလျှင် သူမထံပေးပေးဖို့ ဘဏ်မှထုတ်သော ဒိုင်ယာရီနှင့် ကျနော်စီစဉ်ဒီဇိုင်ဆွဲဆောင်ရွက်ထားသော ပြက္ခဒိန်ကိုပေးထားလိုက်ပါသည်။
အဲ့ဒီနေညက တော်တော်နှင့် အိပ်မပျော်။ အတွေးထဲတွင် သူစိုးမိုးထားတယ်။ မိုင်လိုကသာ အစွဲတမတ်သောက်တက်သောကျနော်ကိုဒီညကော်ဖီကိုဖျော်သောက်တော့ ကျနော်မေမေက ``ထူးဆန်းလှချီလားငါ့သားရဲ့´´။ ဘာပြန်ပြောရမှန်းမသိအောင်ဖြစ်သွားသည်။
ပြီးတော့မှ ``သြော်တစ်ခါတစ်လေတော့လည်းအပြောင်းအလဲလေးဖြစ်တာပေါ့´´ လို့ပြောရင်းရီပြလိုက်သည်။
နောက်တနေ့ နေလည်ခင်းတွင်တော့ ကျနော်စားပွဲပေါ်ရှိဖုန်းမှ အသြံမည်လာသည်။ တော်တော်နှင့်စကားပြောသံမကြားပါ။ ပြီးမှ ကျနော်ပေးလိုက်တဲ့ ပစ္စည်းများအတွက်ကျေးဇူးတင်ကြောင်းနဲ့ ကျနော်အတွက် သူ့ဘဏ်မှ ပြက္ခဒိန်ထည့်ပေးလိုက်ကြောင်းပြောပါသည်။ အရမ်းကိုပျော်သွားသည်။ ဘာပြောပြော သူ့ထံမှာ ကျနော်ရှိနေပြီလား။
ရှေ့လတွင် မြောင်းမြတွင် ဘဏ်ဖွင့်စရာရှိ၍ ညနေပိုင်းတွင် ကွန်ပျူတာနှင့်ပတ်သတ်သည်များကို ၄င်းဘဏ်တွင် တာဝန်ထမ်းဆောင်မည့်သူများကို ရှင်းလင်းသင်ကြားရသည်။
သို့သော်ကျနော်စိတ်ထဲတွင်သူ့မျက်နှာသာ မြင်ယောင်နေမိသည်။ ``ကျမတို့ကလည်း ဧရာဝတီတိုင်းကပဲ၊ ဘာလို့ကျမတို့ကိုတော့ ပြက္ခဒိန်မပေးတာလဲ´´။
သေပြီ။ ဟိုပုဂ္ဂိုလ်နှိပ်စက်သွားပြန်ပြီ။ ကောင်မလေးချောချောမြင်ရင် မိတ်ဖွဲ့တတ်တဲ့ ကိုကျော်မင်းလက်ချက်။ မြောင်းမြမှသင်တန်းသူနှစ်ဦးကိုသူချွန်သွားပြီ။
သူကျနော်အကြောင်းတွေတော်တော်ပြောထားပုံရသည်။ အဲ့ဒီအထဲကမှ နမ့်စုမြတ်သွယ်ကကျနော်ကိုပိုပြီခင်မင်ပုံပေါ်ပါသည်။ ကြည့်ရတာ ကိုကျော်မင်းကသူ့ကို ပိုးနေပုံပေါ်သည်။ သူကမြောင်းမြခရိုင်မှ လှယဉ်ကျေးမယ်တစ်ဦးအပြင် ပုသိမ်တက္ကသိုလ်မှ Physics မှ အလှမယ်ရရှိထားသူတစ်ဦးဖြစ်သည်။
ဒီလိုနဲ့သူတို့ဘဏ်ဖွင့်လျှင်လိုက်ခဲ့ရန် သူကဖိတ်ခေါ်ပါသည်။
ကျနော်က ပုသိမ်မှာဖွင့်မှလာမယ်လို့ပြောလိုက်တော့ သူမျက်နှာမဲ့သွားသည်။ သြော် တိုင်းရင်သူတွေကဒီလိုပါပဲ။ ဟန်မဆောင်တတ်ဖူး။
အိမ်ပြန်ရောက်တော့ရေချိုးပြီးတာနဲ့ ဦးလေးမိသားစုနှင့် ထမင်းစာရန်ဖိတ်ထားသဖြင့် ထမင်းစားထွက်လာခဲ့သည်။အိမ်ပြန်ရောက်ရောက်ချင်းပဲ၊ အိမ်က ကျနော်တို့လိုအပ်သည်များကိုကူညီစောင်ရွက်ပေးသော နယ်မှ ညီမ၀မ်းကွဲလေးတစ်ယောက်က ``ကိုတေဇ စောစောက အမတစ်ယောက်ဖုန်းဆက်သွားတယ်။ကိုတေဇရှိလားလို့မေးပြီးဖုန်းချသွားတယ်။´´ အို့ဘယ်သူဘာလိမ့်။ သူများလား၊ ဒါမှမဟုတ် ညနေတုန်းက မြောင်းမြကလူတွေလား။
ပြဿနာပဲ။
ဆက်ရန်

စီမံကိန်းပထမအဆင့်။

(ကျွန်တော်ပြောပြချင်းတဲ့ပုံပြင်လေးတစ်ပုဒ် အပိုင်း ၄)။
ကား က ဂိတ်ရောက်ပြီးဆိုတာနှင့် ဘာလုပ်ရမှန်းမသိ ပျာရာခတ်နေသည်မှာ ကျွန်တော်ဖြစ်ပါတယ်။ သူ့ရင်ထဲမှာ ကျွန်တော်ရောက်ရှိသွားနိုင်ပြီလား။ ဒါမှမဟုတ် သူကျွန်တော့်ကို အမြင်ကတ်နေပြီးလား။ ကျွန်တော်မသိပါ။ ဒါပေမယ့် တစ်ခုခုတော့ သူ့ရင်ထဲမှာ ကျွန်တော်နဲ့ပတ်သတ်ပြီး ရှိစေချင်တယ်။ သူကတော့ သူ့ပစ္စည်းထုတ်တွေကိုကိုင်ထားပြီးကားငှားဖို့ပြင်နေပါတယ်။ သူကိုင်ထားတဲ့ လက်ဆွဲခြင်း အပြာသေးသေးလေးကို ဘယ်တော့များမှ ကိုယ်ပေးခွင့်ရမယ်မသိ။
အဲ့ဒီအနားမှာ ယောင်လည်လည်နဲ့ မသိမသာ ကျွန်တော်သွားရပ်လိုက်မိတယ့်အချိန်တွင် သူထံမှာ ကျွန်တော် အတွက်ခံစားမှုတစ်စုံတစ်ရာရှိမှာဘဲလို့ သူရဲ့မျက်နှာပေါ်က ချိုမြတဲ့ အပြုံလေးကဖော်ပြလိုက်တော့ ကျွန်တော်ရင်ထဲမှာ ပြောမပြတတ်အောင်ပျော်သွားပါမိပါတယ်။ ဒါပေမယ့် ခဏလေးအတွင်းမှာပဲ တက္ကစီသမားရောက်လာပြီးသူကားပေါ်တက်သွားပါတော့တယ်။
ကျွန်တော်မှာ ထီပေါက်ပြီး ထီလက်မှတ်ပျောက်သွားသလိုပင် စောစောကမြင်လိုက်ရတဲ့ အပြုံးလေး မရှိတော့ဘူး။ သူထွက်သွားပြီ။ ကျွန်တော်မလိုချင်ဆုံးအချိန်ကိုရောက်လာခဲ့ပြီ။အဲ့ဒါကတော့ သူနဲ့ ဝေးနေရမယ့် အချိန်တွေပါ။
မကြာခင်မှာပဲ အိမ်ကကားရောက်လာလို့ ပစ္စည်းတွေကားပေါ်တင်ပြီး စိတ်မပါသောခန္ဓာကိုယ်နဲ့ ကားနောက်မှာထိုင်ပြီးပါလာခဲ့ပါတယ်။ ကားကသာ အိမ်သို့ရောက်လာပြီး စိတ်ကတော့ သူနဲ့ပါသွားခဲ့ပါတယ်။ အရာရာတိုင်းမှာ သူရဲ့မျက်နှာလေးကသာ စိုးမိုးလို့နေပါတော့တယ်။
အဲ့ဒါနဲ့ ကျွန်တော်ရေချိုပြီး ညစာပင်မစားနိုင်တော့ဘဲ စောစောအိပ်ရာဝင်လိုက်မိပါတယ်။ အိပ်ရာပေါ်ရောက်တော့လည်း အိပ်မပျော်နိုင်သေးဘဲ၊ မေးခွန်းပေါင်းများစွားကို ကိုယ်ဘာသာ မေးနေမိပါတယ်။ သူဘယ်မှာနေတာလဲ။ သူဘယ်ဘဏ်မှာလုပ်တာလဲ။ သူ့မှာ ရည်းစားရှိလား၊ အစုံပါပဲ။
ဒီနေ့မနက်မိုးလင်းတော့ အတော်ကိုလန်းဆန်းနေပါတယ်။ ပြီးတော့ ရင်ထဲမှာလည်း စီမံကိန်းတွေ့အပြည့်နဲ့။ မနက်စာ စားပြီးတာနဲ့ ရုံးကိုထွက်လာခဲ့ပါတယ်။ ရုံးရောက်တာနဲ့ အာရှဓန ဘဏ်သို့ သွားသွားပြီ PO(Payment Order) ပေးလေ့ရှိတဲ့ ကျွန်တော်ကိုခင်တဲ့ကိုကျော်မင်းဆိုသူကို ဖုံးဆက်ပြီး ~ ကိုကျော်မင်းရေ ခင်ဗျားအားလားဗျာ၊ အားရင် အအေီးသောက်ရအောင်~ ဆိုပြီး သူကို canteen ကိုခေါ်လိုက်မိပါတယ်။
မကြာပါဘူး သူရောက်လာပါတယ်။ ~တေဇ ဘယ်လိုဖြစ်တာလဲ၊ ထူးထူးဆန်းဆန်း၊ အအေးသောက်မယ်ဆိုပလား။~ သူပြောလည်းပြောချင်စရာပါ။သူ့ကို ကျွန်တော်တစ်ခါမှ မဖိတ်ခေါ်ဘူးဘူး။ ဒီလိုနဲ့ပဲ ရှေ့မျက်နှာ နောက်ထားပြီး ~ ကိုကျော်မင်းရာ ဘာရယ်ညာရယ် မဟုတ်ပါဘူး၊ ကျွန်တော်ကိုကျော်မင်းကို နည်းနည်းအကူအညီတောင်းချင်လို့ပါ။ကိုကျော်မင်း အာရှဓန ဘဏ်မှ သိတဲ့ မိတ်ဆွေများလား~ လို့မေးလိုက်မိပါတယ်။ ဒါနဲ့သူကလည်း ထုံးစံအတိုင်း ကြွားကလည်းကြွားချင်နဲ့ ~ များမှများ၊ အကုန်လုံးနဲ့သိတယ်၊ကောင်မလေးဘယ်နှစ်ယောက်ရှိလည်းသိချင်တာတောင်ပြောလို့ရတယ်~ လို့ဆိုပါတယ်။ အို့ ဟုတ်ပြီး ကျွန်တော်ရဲ့ စီမံကိန်းတွေအကောင်အထည်ဖော်ဖို့ လမ်းစပွင့်သွားပြီ။
~ကျွန်တော်ကို့ အာရှဓနဘဏ်က မပုလဲ ဆိုတဲ့နာမည် ပုသိမ်ကလာအလုပ်လုပ်နေတာရှိမရှိသိချင်လို့ပါ။~ သူက အိုကေဆိုတာနဲ့ကျွန်တော်အတိုင်းမသိသူကိုကျေးဇူးတင်မိလိုက်ပါတယ်။
ဘိုးတော်က မကြာပါဘူး၊ ကျွန်တော်ထံဖုန်းလှမ်းဆက်ပါတယ်။ ရှိတယ် သူက (၇)လမ်းဘဏ်မှာတဲ့။ ကျွန်တော်တွေ့ချင်ရင် သူ့ရဲ့သူငယ်ချင်းကိုခေါ်ခိုင်းပေးမယ်တဲ့။
ဟာ ဒီလူ တော်တော်အလိုက်သိလိုက်တာ လို့ရင်ထဲမှာကျိတ်ပြီးကျေးဇူးတွေထပ်တင်နေမိပါတယ်။ ဒါပေမယ့်လည်း စကားတခွန်းမှ မပြောဘူးတဲ့သူ့ကိုကျွန်တော်ဘယ်လို စပြီးစကားပြောရဲပါ့မလဲ။ တော်ကြာမှ ဒီလူကို မသိပါဘူး လို့ပြောရင်သေပြီ။

ကျွတ်ကျွတ်အိတ်မှပြောသောစကားများ။

ကျွန်တော်ပြောပြချင်တဲ့ ပုံပြင်လေးတစ်ပုဒ်။ (အပိုင်း ၃)
ကျွန်တော်ရင်တွေ တဒိတ်ဒိတ်နဲ့ ခုန်နေသည်မှာ ကျွန်တော်ဘေးမှာ ထိုင်နေသောသူများပင် ကြားနိုင်ပါသည်။ အနက်ပေါ်မှာ အစိမ်းရောင် အကွက်ကလေးတွေနှင့်ပြည့်လျှံနေတဲ့ သူ ဆင်မြန်းထားတဲ့ အင်္ကျီနဲ့ ထမီမှာ သူရဲ့ ဖြူစွတ်တဲ့ အသားအရည်ကို မီးမှောင်းထိုးထားသ ကဲ့သို့ ဖြစ်နေပြီး မိတ်ကပ်မရှိ၊ သနပ်ခါးပါးပါး လေးသာလိမ်းထားသော သူမျက်နှာမှာ ကျွန်တော့် အတွက်တော့ ရာဇ၀င်ထဲက ပပ၀တီမင်းသမီးလေးကို တွေ့လိုက်ရသလို ခံစားလိုက်ရပါသည်။ ကျွန်တော်ထင်ပါတယ်။ ဤသို့ခံစားရမည်မှာ ကျွန်တော် တစ်ယောက်ထဲ သာမဟုတ်ပဲ မြင်သူတိုင်းပင် ငေးရလောက်အောင်သူ အရမ်းလှပနေပါသည်။
အခုတစ်ခါတွင်လည်း သူသည် ကျွန်တော်၏မျက်နှာခြင်းဆိုင်ထိုင်ခုံတွင်နေရာကျပြန်ပါသည်။
သူလည်းအရမ်းအံသြသွားမယ်ထင်ပါတယ်။ ဒီကားပေါ်မှာ သူ ဒီကိုပြန်လာတုန်းက စီးတဲ့ကား ပေါ်က လူတွေအကုန်နီးပါး ပြန်တွေ့လိုက်လို့ပါ။ အထူးသဖြင့် တစိုက်မတ်မတ်သူ့နားမှာထိုင် ကြည့် လာခဲ့တဲ့ ကျွန်တော့်ကြောင့်ဆိုလျှင်လဲ မှားမည် မထင်ပါ။
အခုလည်းကြည့် ကျွန်တော်ကိုသူမြင်မြင်ချင်းပဲ မျက်စောင်းစထိုးပါတော့သည်။ သူဘာလို့ထိုးတယ် ဆိုတာကတော့ သူဘာသာ သူသာ အသိဆုံးဖြစ်မည်ဟု ယုံကြည်ပါသည်။
ဘာပြောပြော ကျွန်တော် သူ့ရဲ့ မျက်စောင်းကို ကျွန်တော် အကျေအနပ်ကြီးကို လက်ခံလိုက်ပါတယ်။ သူ့ရဲ့အတွေးတစ်နေရာ ဒါမှမဟုတ် သူ့ရဲ့ စိတ်တစ်နေရာမှာ ကျွန်တော်ရောက်ရှိသွားလို့ပါ။
ဒီအပြန်ခရီးမှာ သတိထားခဲ့မိတာကတော့ သူနားမှာ သူ့ရဲ့မောင်ဝမ်းကွဲလေးတစ်ယောက် ပါလာတာ ကိုတွေ့လိုက်ရပါတယ်။ နောက်ပြီးသူမှာ လက်ဆွဲကျွတ်ကျွတ်အိတ် တွေပါ လာတာတွေ့ရပါတယ်။ အဲ့ဒီအိတ်တွေ အကုန်လုံးကလည်း AWB ဘဏ်ရဲ့တစိတ်တွေဖြစ်နေ တာကတော့ အတော့်ကိုထူးခြားနေမိပါတယ်။ ကျွန်တော်တို့အဖွဲ့ကလည်း ကျွန်တော့်တို့ ဘဏ် အကြောင်းပြော၊ ဟိုအကြောင်းပြောနဲ့ပေါ့။ အဲ့ဒီအထဲမှာ ငြိမ်နေသည်မှာ ကျွန်တော်တစ်ယောက် သာဖြစ်ပါသည်။ အကြောင်းမှာ သူကျွန်တော့်ကိုသိအောင်ဘာလို လုပ်ရမည် ကိုစဉ်းစားနေလို့ဖြစ်ပါတယ်။ အတင်းသွားပြီး မိတ်ဆက်ရင်ကောင်းမလား၊ ဒါမှမဟုတ် သွားပြီးနှုတ်ဆက်ရင်ကောင်းမလားနဲ့။ ဒါပေမယ့် အဖြစ်မရှိတဲ့ ကျွန်တော့် အဖို့ လက်တွေ့မှာတော့ ဖြစ်မလာခဲ့ပါဘူး။ သူ့စိတ်ဆိုးတာ၊ သူ့ ကျွန်တော်ကို အထင်သေးမှာ အရမ်းကြောက်လို့ပါ။ အထူးသဖြင့် သူဟာ ကျွန်တော်သိပ်ပြီးတန်ဖိုးထားတိတ်တခိုးချစ်ရတဲ့ ကောင်းမလေးမလို့ပါ။
ကျွန်တော် သူ့ကို ဘယ်လိုချဉ်းကပ်ရမလဲ စဉ်းစားနေစဉ်မှာပဲ သူတို့နှစ်ယောက်စကားပြောသံ လေးတွေကိုသဲ့သဲ့ကြားလိုက်မိပါတယ်။ ဒါဟာ ကျွန်တော်အတွက် လမ်းစပဲလား၊ ဒါမှမဟုတ် ကျွန်တော့် ရဲ့ ကိုယ်စောင့်နတ်က ကျွန်တော်ဒီလောက်ခံစားနေရတာ မကြည့်ရက်လို့လားမသိ။ ~ ငါ တို့ ဘဏ်တောင် မူဆယ်မှာဖွင့်တော့မှာ~တဲ့။ ~Wow~ ရင်ထဲမှာ အရမ်းပြောသွားပြီး ပါးစပ်မှ လွတ်ခနဲထွက်သွားလိုက်မိတော့ ဘေးကလူတွေက ကျွန်တော်ကိုကြောင်ပြီး ကြည့်နေရင်ပြုံးစိစိနဲ့။ သူတို့တွေထင်မှာပေါ့ ဒီကောင်ကြောင်သွားပြီးထင်တယ်ပေါ့။
မကြောင်ပါဘူး။ မကြောင်တာကိုကျွန်တော်ဘာသာကျွန်တော်ပဲသိပါတယ်။ သိတဲ့အတိုင်းပဲလေ ကျွန်တော်တို့ ပရိုဂရမ်မာဆိုတာ ဥာဏ်များပါဘိ။ သူ့ရဲ့ အိတ်တွေက AWB လို့ရေးထားတာရယ်၊ သူပြောလိုက်တဲ့ ဘဏ်ဖွင့်တယ်ဆိုတဲ့စကားရယ်ကြောင့် သူ AWB လုပ်နေကြောင်းချက်ချင်းသိလိုက်လို့ပါ။ ဘာပြောပြော လမ်းစတော့ပွင့်သွားပြီ။ ဒါပေမယ့်ဒီလမ်း ကို ဘယ်လိုလျှောက်မှ ရမယ်ဆိုတာတော့ မစဉ်းစားရသေး။ အဓိက ကတော့သူကျွန်တော့် နာမည်သိအောင်လုပ်ရမယ်။ ဒါမှ သူမှတ်မိမှာ။ နောက်ဆုံးကျွန်တော် ဘေးမှာရှိတဲ့ သူငယ်ချင်းကို လက်ကုတ်ပြီးတော့ အချက်ပြပြီးတိုင်ပင်လိုက်သည်။
~ မျိုးမျိုး မင်းငါ့နာမည်သိလား~ ဘာမှမဆိုင်ပဲသူ့ ကျွန်တော့်ဘက်လှည့်အကြည့်တွင် ကျွန်တော်သူငယ်ချင်းကိုမေးလိုက်မိပါတယ်။ သူငယ်ချင်းကလည်း ~ သိတာပေါ့ကွ မင်းနာမည် တေဇ လေ~ တဲ့။ တော်လိုက်တဲ့ သူငယ်ချင်း။
အဲ့ဒီလိုပြောလိုက်တဲ့အချိန်မှာသူရဲ့စူးရှတဲ့အကြည့်လေး ကျွန်တော့်အပေါ်ကျရောက်လာတာ ကိုတွေ့လိုက်မိပါတယ်။ ကျွန်တော်ဘာလုပ်ရမှန်းမသိဘဲ အပြုံးလေးတစ်ချက်ကို အလိုအလျှောက်သူ့ထံပို့ လိုက်မိပါတယ်။ အို့ ပြောရင်းဆိုရင်နဲ့ ကား က ဆင်မလိုက်အဝေးပြေးဝင်ထဲဝင်လာပြီး။

ဆက်ရန်။

ခံစားမှုအစ ချောင်းသာက ။

ကျွန်တော်ပြောပြချင်တဲ့ ပုံပြင်လေးတစ်ပုဒ်။ (အပိုင်း ၂)
စိတ်မပါ၊ခန္ဓာကိုယ်ကြီးသာပါလာသော ဤလမ်းခရီးကို ပုသိမ်အလွန်၌ဇက်ကူးအပြီးတွင် ဖုန်များက စ၍နှုတ်ဆက်လိုက်ပါတော့သည်။ တောင်များကိုတက်လိုက်ဆင်းလိုက်နှင့် ကြမ်းတမ်းလှသည့်လမ်းပေါ်တွင် ဆီးဖြူသီးကို စကောထဲ ထည့်လိမ့်သလားအောက်မေ့ရ သည်။ ဒီလိုနဲ့ပဲ နာမည်ကြီးဥတိုချောင်းကိုရောက်လာပါသည်။ တစ်ချို့ကပြောနေကြတယ် ~ဒီချောင်းထဲမှာ မိချောင်းရှိတယ်၊ ရေချိုရေငန်စပ် မိချောင်း~။ အလိုလိုမှ ရေကြောက်ပါသည် ဆိုမှ ဖြဲခြောက်နေသည့်အလား။ ပို၍ဆိုးသည်မှာ ကျွန်တော်တို့သွားသည့်အချိန်တွင် ဥတိုချောင်းတံတားမှာအဟောင်းသာရှိသေးသည်။ အသစ်မှာ အခုမှ စ၍ဆောက်ဖို့ပြင်ဆင်နေချိန်။
တံတားမှာ အလွန်ကြောက်ဖို့ကောင်းပါသည်။ ခရီးသည်များမှာ မိမိဘာသာဆင်းလျှောက်ရသည်အထိအခြေအနေဆိုးလှပါသည်။ ဖြတ်လျှောက်နေတုန်း ပြုတ်သာကျလိုက်လို့ကတော့။ သွားပြီ။ ဟိုဘက်ကမ်းရောက်မှသာ သက်ပြင်းချနိုင်တော့သည်။
နောက်ဆုံးတွင်တော့ တောင်ကုန်းအမြင့်ကြီးကိုအကျော်တွင် ငှက်ပျော်ပင်များ၊ အုန်းပင်များကို ဘေးဘက်ဝဲယာတွင်စတွေ့ပြီ၊ ကားအရှေ့ဘက်တွင် တော့ အဆုံးသတ်ကိုမမြင်နိုင်တဲ့ အပြာရောင် ပင်လယ်ကြီး ကန့်လန့်ကြီးဆီးကြိုနေပါတော့တယ်။
ကျွန်တော့်တို့အဖွဲ့ဟာ ရန်ကုန်မှာကတည်းက ကြိုတင်မှာကြားထားသော AMBO ဟိုတယ်တွင်ဆင်းနေခဲ့ကြပါသည်။
~သြော် ဒီနေ့ဟာအရမ်းကိုသာယာနေတဲ့နေ့ပါလား၊ ချစ်စရာကောင်းတဲ့လှပတဲ့မိန်းကလေးတစ်ယောက်ရယ်၊ ပင်ပန်းမှုတွေဖယ်ရှားပေးနိုင်ပြီး လန်ဆန်းမှုတွေအပြည့်ပေးနိုင်တဲ့ ဒီ အပြာရောင်ပင်လယ်ကြီးကို မြင်တွေ့ခွင့်ရခဲ့လို့ပါ။
ဒီပင်လယ်ပြင်ကျယ်ကြီးရဲ့သောင်ပြင်တွေမှာ စောစောကတွေ့ခဲ့ရတဲ့ကောင်မလေးနဲ့ လက်ကလေးကိုင်ပြီး ဘယ်တော့မှ လမ်းလျှောက်ခွင့်ရပါမလဲ၊ တတ်နိုင်ရင် ဒီကောင်မလေးလက်ကိုကိုင်ပြီး ဘ၀တစ်ခုလုံးအတွက်တောင်လျှောက်ပြစ်ချင်တာ
ကောင်မလေးကတော့သိမှာမဟုတ်ဘူး။ အခုလောက်ဆို သူရဲ့ မိဘ၊ မောင်နှမ သူငယ်ချင်းများနဲ့ ဒါမှမဟုတ်သူ့မှာချစ်သူရှိရင် သူ့ချစ်သူနဲ့ပျော်နေရှာလောက်ပြီ~
မခံစားတတ်တဲ့ အသည်းဟာလည်းအခုအချိန်မှာတော့ ခံစားမှုအပြည့်။တိုက်ဆိုင်တယ်လို့ ဘဲပြောရမလားမသိ။ ဒီအပြောကျယ်တဲ့ပင်လယ်ပြင်ကြီးကိုစတွေ့တဲ့အချိန်ကျမှ ကောင်မလေးတစ်ယောက်အတွက် စ ခံစားတတ်လာလို့ပါ။
ဒီနေ့ဆိုရင်ရန်ကုန်ပြန်ရတော့မယ်။ ပစ္စည်းများသိမ်းဆည်းပြီး လာခေါ်မည့်ကားကိုစောင့်ရင်း သူငယ်ချင်းများနှင့်စကားပြောဖြစ်ပါသည်။ သူတို့တွေက ပုသိမ်ဝင်၍ထမင်းစားပြီး ဘုရားဖူးဦးမည်ဟုပြောသည်။ ကျွန်တော့်အဖိုးမှာ သူငယ်စဉ်က ပုသိမ်ထောင်တွင်ဆရာဝန်အဖြစ်တာဝန်အတော်ကြာယူခဲ့ဘူးပြီးမိတ်ဆွေအများရှိပါသည်။ ဒါ့ကြောင့် ကျွန်တော်မိဘဖြစ်သူကလည်း ရောက်တုံးလေ ၀င်ရောက်လည်ပတ်ချင်ပုံရသည်။
လူတိုင်းကိုယ်စီမှာစိတ်ကူးကိုယ်စီနှင့် ကျွန်တော်တစ်ယောက်အပါအ၀င်ပေါ့။ ပျောက်သွားတဲ့ကောင်မလေးကိုများ တနေရာရာမှာတွေ့လို တွေ့ငြား နဲ့ ဟိုဝင်ဒီထွက် ဈေးဝယ်ထွက်ရင်းနဲ့ရှာကြည့်မိပါသည်။ သူငယ်ချင်းတစ်ယောက် က ~ ကောက်ရိုးပုံထဲ အပ်ကျတာကမှ ရှာရလွယ်အုံးမယ်၊ မင်းရှာမနေပါနဲ့တော့ကွာ~ တဲ့။ တော်တော်အားပေးတယ်။
~ ရန်ကုန်သို့ကားထွက်တော့မယ်၊ ခရီးသည်များကားပေါ်တက်ကြပါ~ ကားစပယ်ရာ၏ အော်သံကြောင့် နောက်ဆုံးတော့ ကျွန်တော်လက်ရှော့လိုက်ရပါတော့သည်။
ကားက စထွက်ပါပြီ။ စိတ်ထဲတွင် ငိုခြင်သလို၊စိတ်ညစ်သလိုနှင့် ကားပေါ်တွင်ကျွန်တော်အဖေ့ ဘေး၌ထိုင်ကာပါလာခဲ့ပြီး ကားမှာ ဟိုဝင်ဒီထွက်နဲ့ လူများကိုဝင်ကြိုနေပါသည်။ တနေရာအရောက်တွင်တော့ ~ မ……~ မ……~ လို့ ကားစပယ်ရာထံမှာ အော်ခေါ်သံကြားလိုက်ရပါတော့တယ်။ အိုး… တိုက်ဆိုင်တာလား၊ မြတ်စွာဘုရားကပဲ ဖန်တီးပေးလိုက်တာလားမသိ။

ဆက်ရန်။ ။

ကျွန်တော်ပြောပြချင်တဲ့ ပုံပြင်လေးတစ်ပုဒ်။

မိုးရွာနေသော ဒီ တနင်္လာနေ့အဖို့ ရုံးတက်ရသည်မှာ တကယ်စိတ်မပါလှပါ။
ဒါနဲ့ပဲ မသွားချင်ပေမဲ့ သွားနေရဦးမည့် အတွက် စိတ်ပျက်ပျက်နှင့်ထွက်လာခဲ့မိပါတယ်။ ထွက်လာရင်းနှင့် လမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေကြသော ကျောင်းသားများကို တွေ့ရသောအခါ ကျွန်တော်ငယ်စဉ် အခါက ကျောင်းသားဘ၀အကြောင်းကို သတိရသွားမိပါသည်။
ကျွန်တော်သည် ငယ်စဉ်ကကျောင်းတက်အလွန်ပြင်းပါတယ်။ တက်နိုင်လျှင်မိဘနှစ်ပါး နှင့်သာအချိန်ကုန်နေမိပြီး အပေါင်းအသင်းဆို၍ ကျွန်တော်မေမေသာရှိပါသည်။ အမဖြစ်သူမှာလည်း ကျွန်တော်ထက် ၅နှစ်ကြီးသောကြောင့် ကျွန်တော်နှင့်မကစားလိုပဲ သူ့ရဲ့အပေါင်းအဖော်များသာအချိန်ကုန်လေ့ရှိပါသည်။
မိုးရွာပြီဆိုလျှင် ကျောင်းတက်ပျင်းသောကျွန်တော့်ကို ကျွန်တော့်မေမေကကျောင်းမလွှတ်ပဲ အိမ်မှာထားလေ့ရှိပါတယ်။အထူးသဖြင့် ကျွန်တော်မှာ G6PD ခေါ်သွေးဖြူဥ နည်းတဲ့ရောဂါရှိတဲ့အတွက်ငယ်စဉ်က အလွန်ချူခြာလွန်းတဲ့ကျွန်တော့် ကိုအရမ်းဂရုစိုက်ခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်တွေကုန်လွန်လာခဲ့ပြီး ဆယ်တန်းကိုကျော်လွန် လာခဲ့ပါတယ်။
တက္ကသိုလ်ရောက်ပြန်တော့ကော မိဘ ကသူတို့မျက်စိအောက်မှာပဲထားပြန်ပါတယ်။ သူငယ်ချင်းများနဲ့ခရီးသွားရန်ပြင်ဆင်သော်လည်းပေးမလွတ်။ ကျွန်တော့်ကို အချိန်ပြည့် ကွန်ပျူတာတစ်လုံးနဲ့သာ အချိန်ကုန်စေလိုတဲ့သဘောမှာရှိပါတယ်။ KMD မှာ IDCS ကို ၁၉၉၅ စတက်တုန်းကလည်း ဖေဖေကပင်လိုက်၍ အကြိုအပို့လုပ်ပေးပါတယ်။ ကျွန်တော့်သူငယ်ချင်း အများကပင် ဖေဖေနှင့်ရင်းနှီးနေလေပြီ။ သူတို့ကို အိမ်ခေါ်၊ Project လုပ်နဲ့ နောက်ဆုံးမှာ Myanmar Horoscope (Zartar) System ကို ဖေဖေရဲ့ ဗေဒင်ပညာအကူအညီနဲ့ NCC ကိုတင်သွင်းခဲ့ပြီး ပထမဆုရခဲ့ပါတယ်။
ဒါနဲ့ပဲ ပထမဦးဆုံးစ၍ Programmer ဆိုတဲ့အလုပ်ကို ဖေဖေရဲ့သူငယ်ချင်း ဘဏ်တစ်ခုမှာ13-Sept 1997 က အလုပ် စလုပ်ဖြစ်ပါတော့သည်။ ကျွန်တော့် အလုပ်စလုပ်တော့ အသက် ၁၉ နှစ်အရွယ်သာရှိပြီ ဘဏ်၌အငယ်ဆုံးဖြစ်ပြီး လူအများရဲ့စိတ်ဝင်စားမှု အထူးသဖြင့်စပ်စုမှုကိုခံ ခဲ့ရပါတယ်။ ဒီလိုနဲ့ အချိန်တွေတဖြည်းဖြည်းကုန်လွန်လာခဲ့ပြီး အိမ်ထောင်ကျဖို့ အခြေအနေ တစ်ခုကိုဖန်တီးလာခဲ့ပါတယ်။ ဒါဟာလည်း ကျွန်တော်ထင်ပါတယ်၊ မိဘရဲ့ ကန့်သတ်ချက်များ လွန်းခြင်းနှင့် ကျွန်တော်ကို ကလေးတစ်ယောက်လိုဆက်ဆံနေခြင်းက ဤအခြေအနေကို တွန်းပို့လိုက်သလိုဖြစ်နေမယ်ဆိုရင်လည်းမှားမယ်လို့မထင်ပါဘူး။
၁၉ ဒီဇင်ဘာ ၁၉၉၈ တွင် ဘဏ်မှ လုပ်ဖော်ကိုင်ဖက်များနဲ့ ချောင်းသာခရီးထွက်ရန် စီစဉ်ခဲ့ပါတယ်။ ထုံစံအတိုင်း ကျွန်တော်မိဘများကလိုက်ခြင်ပြန်ပါသည်။ ကဲ နောက်ဆုံးတော့ ချောင်းသာခရီးသွားရန် ပုသိမ်ကားဂိတ်ရောက် မနက်စာစားပြီး၊ ကားပေါ်တက်နေရာယူခဲ့ပြီ ကားထွက်ရန်အချိန်ကို စောင့်နေခဲ့ ပါတယ်။ ထိုအချိန်၌ ကားထွက်တော့မည်ဖြစ်သ၍မိန်းကလေးတစ်ယောက်ရဲ့ အော်ခေါ်သံကိုကြားလိုက်မိပြီး သတိထားမိသည်မှာ ကျွန်တော် ဘေးခုံတွင်ခုံတစ်ခုံလွတ်နေ ခြင်ဖြစ်ပါသည်။ အပြီးသတ်တော့ ထိုအော်ခေါ်သည့် ကောင်မလေးမှာ ကျွန်တော်ရဲ့ ဘေးတွင်ကျသော အရမ်းချောမောလှပတဲ့သူဖြစ်နေပါတယ်။ ဘာဖြစ်သွားမှန်းမသိကျွန်တော် အသက်ရှုရပ်သွားသလောက်ရအောင်ပင် သူမရဲ့အလှအတွင်းမှာ ကျွန်တော်နှစ်မြောသွားမိ ပါသည်။ သူကတော့ ပဲအပြည့်နဲ့ပေါ့။ ကျွန်တော်မိဘ တွေကတော့ မသိရှာပါ။ ကားရှေ့ပိုင်းတွင် ထိုင်ပြီး ဟိုဟာစားလိုက်၊ ဒီဟာစားလိုက်နဲ့။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက် အချို့ကတော့ မျက်စပြစ်ပြပါတယ်။
ဒီလိုနဲ့ပဲညောင်တုန်းရောက်တော့ ဧရာဝတီမြစ်ကြီးကို စက်လှေနဲ့ကူးပြီး တစ်ဖက်က ကားကို ပြောင်းစီးဖို့ပြင်ဆင်ရပါတယ်။ ဒီလိုနဲ့ ပုသိမ်မြို့ဝင်ပြီး ကားဂိတ်အရောက်မှာတော့ ကျွန်တော်တို့ တဖွဲ့လုံးဟာ ဆင်းကျန်ရစ်ခဲ့ပြီး ချောင်းသားကားမလာခင်ထမင်းစားပါသည်။ ထမင်းသာစားနေရသော်လည်း ဘာဟင်းနဲ့စားလို့ဝင်သွားမှန်းမသိသည်မှာကျွန်တော်ဖြစ်ပါတယ်။ ကျွန်တော်စိတ်တွေဒီမှာမရှိတော့ဘူး။ စောစာက ကားပေါ်မှာပါသွားပြီ။ ဒီဟာက ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကကျွန်တော့်ကိုစလိုက်တာပါ။ ဟုတ်မှာပါ ကျွန်တော်ကိုယ် တိုင်ကလည်း။ သူဘယ်မှာနေသည်မသိ။ သူဘယ်သွားသည်မသိ။ သိသည်မှာသူမရဲ့ နာမည်လေး တစ်ခုပင်။

ဆက်ရန်။
မှတ်ချက်။စိတ်ကူးယဉ်၍ရေးထားခြင်းသာဖြစ်ပါသည်။