Showing posts with label Feeling. Show all posts
Showing posts with label Feeling. Show all posts

ဘဲအုပ်က တစ်ရာ နှစ်ရာ ဒေါ်ဗေဒါက တစ်ယောက်တည်း။

ကျနော်ဒီနေ့ မိတ်ဆွေ တစ်ဦးမိသားစု မှ သံရုံး (အကောက်ခွန်ရုံး) သို့ ၄င်းတို့၏ နိုင်ငံသား စွန့်လွှတ်ကြောင်း လျှောက်လွှာတင်ရန် အကူအညီတောင်း၍ လိုက်ပါခဲ့သည်။

ရောက်ရောက်ချင်းဆိုလျှင်ပဲ လူအုပ်ကြီးက ကောင်တာတွင်စုပြုံနေကြသည်။ ကောင်တာ မှ အဖွားကြီး မှာ ထိုလူအုပ်ကြီး ကြားထဲတွင် ပျောက်နေသည်။ မြန်မာနိုင်ငံသား များ အဖို့ သူတို့၏ ချွေးနည်းစာ များထဲမှ ၁၀% ကို ဦးဦးဖျားဖျား လာရောက် ဆက်သ ရသည်။ အဘက်ဘက် ကတိုးလာ သည့် ကုန်ဈေးနှုန်း၊ အိမ်ဈေးများ ကြားထဲမှ မရှိရှိတာ ကိုလာ ဆက်သရခြင်း ဖြစ်သည်။ S Passဖြင့် အလုပ်လုပ်သူများ က ဒေါ်လာ ၈၀ ပေးရပြီး EP/PR ဖြင့် အလုပ်လုပ်သူများက ဒေါ်လာ ၁၀၀ နှင့် အထက် ဆောင်ကြသည်။

အလုပ်မလုပ်သူများ က ပေးဆောင်ရန်မလိုပေ (ဒါပေမယ့် စင်ကာပူမှ ကြော်ငြာများ သလို စာတမ်းလေးရှိသည်။ Terms & Conditions apply)။

ဒီလို ဒီလို စောင့်နေရင်းနှင့် ပင် ကျနော်မိတ်ဆွေ မိသားစု အလှည့်ရောက်လာသည်။ ဒါနဲ့ ပဲ ကောင်တာ မှ အဖွားကြီး ဒေါ် …… ဆိုပြီး လှမ်းခေါ်လိုက်သည်။ ပြီးတာနဲ့ အော် အော် နိုင်ငံသားစွန့်လွှတ်မယ့် သူတွေပဲ… ဦးစားပေးလုပ်ပေးရမှာပေါ့ ဟု လူအများကြားတွင် လှောင် သလိုလို နဲ့ မျက်နှာထိ မျက်နှာထား နဲ့အော်လိုက်သည်။ ပြောသံလေးတွေကြားလိုက် ရသည်။ ဘာဆိုင်လည်း ကိုယ်ဘာသာ နိုင်ငံသား စွန့်လွှတ်တာ။ သူ့အပူ ဘာပါလို့လဲ။သံရုံးမှာ လုပ်ပြီး Diplomat ဆိုတဲ့ အဆင့်အတန်းတောင်ရှိရဲ့လားမသိ။

ကျနော်မိတ်ဆွေ၏ အမျိုးသားမှာ နိုင်ငံသား အဖြစ် ယခင် နှစ်ကတည်း ကစွန့်လွှတ်ပြီးဖြစ်သည်။ သူ၏ ဇနီးသည်မှာ ယခုမှ စွန့်လွှတ်ခြင်း ဖြစ်ပေသည်။ ပြီး တော့ သားသမီးတွေ ရှိတယ်ဆိုတော့ ဇနီးဖြစ်သူမှာ အလုပ်လုပ် မလုပ်နိုင်ပဲ အိမ်ထောင်ရှင်မ အဖြစ်သာ အိမ်အလုပ်လုပ်၊ သားသမီးများ စာသင်လုပ်သည်။ ဒါပေမယ့် သံရုံးမှ ၄င်းအား အခွန် ဒေါ်လာ ၉၀ နှုန်း နဲ့ အနည်းဆုံး ၂ နှစ်စာပေးရမည် ဟုပြောလေသည်။ ထူးဆန်းတာက အလုပ်လုပ်တဲ့သူတောင် ၈၀ သာ ပေးရပြီး၊ အလုပ်မလုပ် သည့်သူက ၉၀ ပေးရခြင်းဖြစ်သည်။

Considering the Move to Team Leader or IT Manager?

If you are considering a career move from healthcare IT team member into team leader, IT manager, or even CIO, here is an interesting article to read and ponder. It provides an interesting quiz (of sorts) that, in my opinion, seems to capture the pros and cons of being a manager in any industry.

Motivation: At some point almost every healthcare IT team member — say an interface engine analyst at a hospital/clinic or HL7 implementation/support person at a software vendor — will consider a move into management. The first and hardest move, IMO, is being the team leader — you are expected to continue doing “real work” (building interfaces, troubleshooting issues, maybe even carrying the on-call pager) and at the same time you are asked to be Mr. (or Ms.) Manager. You are truly stuck in the middle of being both “one of the gang” and being “in charge” at the same time. This article outlines the challenges pretty well — read before you leap.

John McKee is the author of two books and blogs weekly (Success Coach) on TechRepublic. Here are his 10 signs that you’re not cut out to be an IT manager.

At one time or another, most of us will come to a point in our lives when it’s time to determine our next step. As a business and success coach, I often hear from people who are wondering if it’s time to make a change in their lives.

We are all more successful when we are doing things we enjoy. To help clients decide what that may be, I ask them a few questions designed to get them to take an honest look at who they are at their core.

For those of you who’ve been thinking, “Maybe I should make the move into management,” I’ve put together this list of 10 warning signals. If any of these hit you as your personal reality, the chances are that you are not cut out to be a manager.

-You have a real desire to be liked
-You prefer to avoid the spotlight and just be a part of the gang
-Every time you are called on to comment about the topic being discussed, you experience short-term memory loss
-Having a tough conversation with an employee causes you a great deal of duress
-You don’t like to make tough decisions
-Being stuck in the middle between the leaders and the team makes your stomach churn
-You prefer to keep a low profile, just doing your job; when people look at you, it reminds you how many flaws you have
-Having a verbal duel in a meeting isn’t your idea of fun and you feel uncomfortable standing up to communicate in a meeting
-You dislike having to work hours beyond the “regular” schedule
-You could never fire someone because after all, everyone needs a job

ဗုဒ္ဓဘာသာဝင်ကျနော့်ရဲ့ နိုင်ငံမှ ဗုဒ္ဓကိုစော်ကားခြင်း။

ယခုတလော ကြားရသည့် သတင်းများမှာ နားမ၀င်စရာ.. မထင်မှတ်စရာ မယုံချင်စရာများ..။
ဓာတ်ဆီဈေးများ တက်သွားခြင်း၊ မိမိနိုင်ငံမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ဈေးများ အဆမတန် တက်သွားခြင်း၊ ၄င်းအပေါ်မူတည်၍ ကားခများ တက်သွားခြင်း၊ ကုန်ပစ္စည်းဈေးများ တက်သွားခြင်း၊ အရာရာတက်သွားသော ဈေးနှုန်းများ နည်းတူ အများပြည်သူ စိတ်ဓာတ်များ ကျဆင်းသွားခြင်း၊ ကျဆင်းသွားသည် နည်းတူ မကျေနပ်ချက် များပေါ်လာ၍ ဖြစ်ပေါ်နေသည့် အခက်အခဲများ ကို ငြိမ်းချမ်းစွာဖြင့် ဆန္ဒဖော်ထုတ်ခြင်း၊ ၄င်း ငြိမ်းချမ်းစွာ ဖော်ထုတ်မှုကို အကြမ်းဖက် နှိမ်နှင်းခြင်း၊ ပြည်သူများ ဒုက္ခရောက်သည် ကိုမကြည့်နိုင် ၍ ဘုရားသားတော်များ ဖြစ်သည့် သံဃာများ မှ ငြိမ်းချမ်းစွာ မေတ္တာပို့သခြင်း၊ ၄င်းမေတ္တာပို့သသူ ဘုရားသားတော်များ ကိုပင် ထပ်မံ အကြမ်းဖက် နှိမ်နှင်းခြင်း၊ ရိုက်နှက်ခြင်း အစုံအလင်ပင်..။

ယနေ့ခေတ်အခါတွင် နိုင်ငံတကာ၌ လောင်စာဆီရှားပါး မှု အကျပ်အတည်း ဖြစ်ပေါ်လျှက်ရှိ သည်။ အိုပတ်အဖွဲ့ဝင် ရေနံ ထုတ်လုပ်သော နိုင်ငံများမှ လက်ရှိထုတ်လုပ်လျှက် ရှိသော ပမာဏထက် လျှော့ချ၍ ထုတ်လုပ်ခြင်းမှာ လည်း အဲ့ဒီ ရေနံဈေးတက်သည့် အချက်များထဲမှ တစ်ချက်ဖြစ်သည် ကို ဖတ်ရှုနားလည်ခဲ့ပါသည်။ ကျနော် နေထိုင်ရာ မည်သည့် သံယံဇာတမှ မထွက်သည့် နိုင်ငံ၌လည်း တစ်နေ့ထက် တစ်နေ့တက်နေသည်။ ဒါပေမယ့် တက်သွားသည် မှ မပြောသလောက်ပင်။ အနည်းအကျဉ်းသာတက်၍ ဖြစ်သည်။ ထို့အပြင် တိုးတက်လာသည့် နိုင်ငံသားတို့၏ တစ်ဦးချင်း ၀င်ငွေကလည်း မြင့်တက်လာ၍ အကြောင်းမဟုတ်။ သုံးနိုင်စွဲနိုင်သည်။

ဒါပေမယ့် ကျနော်ကို လူဖြစ်အောင်မွေးဖွားခဲ့သော သဘာဝသံယံဇာတ များ ချမ်းသာကြွယ်ဝလှသည့် နိုင်ငံကတော့ မကြားဘူးအောင်ကို အရမ်းတက် ပြစ်လိုက်သည်။ အိုပက် အခက် နယက အချက် လားပင်မသိ။ ဒါ့အပြင် မိမိနိုင်ငံမှ ပင် ထွက်ရှိသော သဘာဝဓာတ်ငွေ့ဈေးကလည်း ၅ဆ ၆ဆ တက်သွားသည်။ ဓတ်ဆီတက်သည် ကို အကြောင်းပြချက် ပေးရန်ရှိသော်လည်း သဘာဝဓာတ်ငွေ့ဈေးတက်သည် ကိုတော့ မည်သို့ပေးသည်မသိ။ ထိုကိစ္စနှင့် ပတ်သတ်၍ အစိုးရမှ မရှင်းလင်း၊ ဓာတ်ဆီဈေးသာ ရှင်းလင်းသည်။ အဲ့ဒီ ဓာတ်ဆီဈေးရှင်းလင်းသည် ကိုလည်း နားမလည်နိုင်။ အကြောင်းမှာ မိမိနိုင်ငံမှ သွင်းကုန်တန်ဖိုးကိုဖြတ်လျှင် တစ်ဒေါ်လာ ၆.၅၀ ကျပ်နှုန်းဖြင့်တွက်ပြီး ဒီဓာတ်ဆီဈေးနှုန်းကို မူ တရားမ၀င်ဈေးကွက်မှ ဒေါ်လာဈေးနှုန်းဖြင့် ဖြတ်သည်။ သြော် တော်လိုက်တာ ဟု ပါးစပ်မှ ရေရွတ်မိသည်။
ပြီးတော့ ပြောလိုက်သေးသည်.. ဒီလောက်ကြာအောင် သူတို့စိုက်ထုတ်ပေးထားတာ အတော်ကြာပြီ ဖြစ်ကြောင်း ဂုဏ်ယူစွာ ဖြင့်ပြောလိုက်သေးသည်။ အဲ့ဒီ လိုစိုက်မပေးချင်းရင် တိုင်းပြည်မှ ထွက်ရှိသော သဘာဝတွင်းထွက်များမှ ရရှိသော ဒေါ်လာများ မည်သည့်အတွက် သုံးမည်နည်း။ ပြန်မဖြေသော်လည်း အဖြေကရှိနေနှင့်သည်။ စစ်တပ်အတွက် သုံးရန်အတွက်ပင်။ နိုင်ငံစီးပွားရေး အကျပ်အတည်းဖြစ်နေချိန် တွင် ကာကွယ်ရေးအတွက် ဒီလောက် အသုံးချသည်ကို အံ့လည်း အံ့သြမိသည်။ ဥပမာတစ်ခုဆိုပါစို့..။ ဆင်းရဲသား မိသားစုတစ်စု သည် စားစရာမရှိ နေစရာအဖြစ် တဲစုတ်လေးတစ်ခုရှိပါသည်။ တစ်နေ့စားစရိတ်ကိုရရန် ပင်မလွယ်..။ ထိုမိသားစု ကို တတ်နိုင်သည် လူတန်းစားမှ ငွေ ၁၀၀၀ ပေးလိုက်သည်။ အဲ့ဒီငွေကို မည်သည့်အတွက် အသုံးချမည်နည်း။ တနေ့သာ စာစရိတ်အတွက် အသုံးချမည်လား.. မိမိတဲစုတ်လေး လုံခြုံရေး အတွက်အသုံးချမည်လား၊
ခင်များတို့ ကအဲ့ဒီမိသားစု လေးကိုယ်စား ဖြေကြည့်ပါ။ အဲ့ဒီငွေကို တက်နိုင်သည့် မိသားစု လေးကိုပေးကြည့်ပါ။ သူ့အိမ်အတွက်လိုအပ်ချက် အတွက် အသုံးချမည်ပင်။ ဒီအတိုင်ပင်..
မပြည့်မစုံ ဆင်းရဲမွမ်းတေနေ သော ကျနော်တို့နိုင်ငံအတွက် ကာကွယ်ရေးသည် အဓိက ကဏ္ဍမှ မပါနိုင်သေး။ တိုင်းပြည် လူထု စားဝတ်နေရေး ကျပ်တည်းမှုကို အရင်ဖြေရှင်းသင့်သည်။

ထို့အပြင် လက်ရှိလူလောကရှိ အရာပစ္စည်းတော်တော်များသည် လောင်စာစွမ်းအား ကိုအားကိုး၍ ထုတ်လုပ်နေရသည်။ လောင်စာစွမ်းအားဈေး တက်သွား၍ ကုန်ပစ္စည်းများ အားလုံး ဈေးတက်သွားသည်။ အဲ့ဒီတက်သွားသည် အတွက် အခြေခံလူတန်းစား အဖို့ အခက်အခဲဖြစ်သွားသည်။ သယ်ယူပို့ဆောင်ရေး စရိတ်တက်သွားသည်။ ရုံးသွား ရုံးပြန်များ ဒုက္ခရောက်သွားသည်။ ဒါကိုပင် လက်ရှိတာဝန်ယူ အုပ်ချုပ်နေသူတို့ ကပြောလိုက်သေးသည်။ ဆန္ဒပြရန် မလို၊ ဆန္ဒပြုရန်သာ လိုသည်တဲ့။ ခပ်ရိုင်းရိုင်း ပြောလိုက်ရရင်.. သောက်ရှက်ကော ရှိသေးရဲ့လားလို့.။ မတက်နိုင်တဲ့ အဆုံးပြည်သူတွေ ဆန္ဒပြကြသည်။ ထုံစံအတိုင်းပင် အကြမ်းဖက်၍ နှိမ်နှင်းပြန်သည်။ ဆန္ဒပြသူများကို အကြမ်းဖက်သမားများ ဟု ခေါင်းစဉ်တပ်၍ ဖမ်းဆီးပြန်သည်။ မျက်စိမှိတ်၍ အော်နေသည်။

နောက်ဆုံးမတတ်နိုင်သည့် အဆုံး ဗုဒ္ဓဘာသာဝင်များ၏ ရတနာသုံးပါးဝင် ရဟန်သံဃာများ က ပြည်သူများဒုက္ခရောက်သည့် အတွက် သူတို့ ကပြည်သူများ ဒီဒုက္ခဝေဒနာများ ပျောက်ကင်းရန် အတွက် ငြိမ်းချမ်းစွာ လမ်းလျှောက်မေတ္တာပို့သည်။ ထိုသည်ကိုပင် ဗုဒ္ဓဘာသာဝင်အများ စုနေထိုင်သော မြန်မာနိုင်ငံ မှ နိုင်ငံကိုအုပ်ချုပ်နေသော သူများ က ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အထိပ်ထဲမှ တစ်ခုဖြစ်သော ဘုရားသားတော် သံဃာများ
ကိုရိုက်နှက်နှိမ်နှင်းသည်။ ယခုလ ၅ ရက်နေ့ ပခုက္ကူမြို့တွင် သံဃာတော် အပါး ၅၀၀ ကျော် စီတန်းလှည့်လည်ကြွချီပြီး ဆုတောင်း မေတ္တာ ပို့သသည်ကို အာဏာပိုင်များက သေနတ်ဖြင့် ပစ်ဖောက်တားဆီးပြီး အကြမ်းဖက်သည့်နည်းဖြင့် သံဃာတော် များကို ကြိုးကွင်းဖြင့် ပစ်ဖမ်းမှု၊ ဓာတ်တိုင်တွင် တုပ်နှောင်၍ ရိုက်နှက်မှု၊ သင်္ကန်းအတင်းချွတ်ပြီး ဖမ်းဆီးချုပ် နှောင်မှုများကို ကျူးလွန်ခဲ့ခြင်းကြောင့် ကံအကျိုးကို ပေးဆပ်ရမည်ဟု သံဃာတော်တပါးက မိန့်သည်။ ကြားကြားချင်. မယုံချင်..။ ဟုတ်မှဟုတ်ရဲ့လားပေါ့။ အံ့လည်း အံ့သြမိသည်။ ရွံလည်းရွံသွားမိသည်။ ကျနော်အလုပ်မှ နိုင်ငံခြားသားများပင် လာ၍မေးမြန်းကြသည်။ အလွန်ယဉ်ကျေးသိမ်မွေ့ပြီး ဘာသာတရားကိုင်းရှိုင်းသော နိုင်ငံမှဟု ပြောလေ့ရှိသော ကျနော့်အတွက် ၄င်းတို့၏အမေးများ အတွက် အဖြေတွေ ဘယ်ရောက်သွားမှန်းမသိ။

သံဃာတော်များမှ သူတို့အား စော်ကားမှုကို အစိုးရမှ ၀န်ချတောင်းပန်ရန် တောင်းဆိုလေသည်။ သို့သော်. ဘာသာတရားမရှိသော အစိုးရက မလှုပ်ချေ။ မသိချင်ယောင် ဆောင်နေသည်။ ဤအခါတွင် သံဃာများ မှ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ကြတော့သည်။ နိုင်ငံတစ်ဝှမ်း သပိတ်မှောက်ကြသည်။ ဒါတောင် မန္တလေးမှ တာဝန်ရှိသူများက သံဃာများကို မည်သို့ စည်းရုံသည် ထင်သနည်း။ ဘုန်းဘုန်း တို့ ဆန္ဒမပြရင် လက်ကိုင်ဖုန်းပေးမည်ဟု၍ပင်။ ဟုတ်မှဟုတ်ရဲ့သေးလားပေါ့။ အံ့လည်း အံ့သြမိသည်။ ဒါ့အပြင် ကြည့်မြင်တိုင်၊ စမ်းချောင်း နှင့် အလုံမှ ဆွမ်းချက်ရုံများကို လည်း ဆွမ်းမလောင်းရဟု အမိန့်ထုတ်သည်။ ရက်စက်လိုက်ကြတာ။ ငါ့မကောင်းပြော ငါ့ရန်သူ ဟုပင်။ ၉ နှစ်သား ကလေးမှ အုပ်ချုပ်သော အစိုးရလား ထင်မှတ်ရသည်။


ဆက်ရန်..။

စင်ကာပူမှ မဟာဘွဲ့ရပြီးမြန်မာကျောင်းသားများ လုပ်ငန်းခွင်အတွင်းနေရာကောင်းမရ

စင်ကာပူနိုင်ငံရှိ တက္ကသိုလ်များမှ မဟာဘွဲ့ရပြီးသော မြန်မာကျောင်းသားအချို့မှာ ယင်းနိုင်ငံရှိ လုပ်ငန်းခွင်များ၌ အဆင့်မြင့်မားသော အလုပ်အကိုင်နေရာကောင်းများမရရှိကြကြောင်း အဆိုပါနိုင်ငံမှ ကွန်ပြူတာဆိုင်ရာဘွဲ့လွန် သင်တန်းအောင်မြင်ထားသည့် မြန်မာကျောင်းသားတစ်ဦးက ပြောကြားသည်။
အဆိုပါမြန်မာကျောင်းသားများနည်းတူ နိုင်ငံခြားသားကျောင်းသားအချို့လည်း စင်ကာနိုင်ငံတွင် လုပ်ငန်းခွင်နေရာ ကောင်းရရှိမှုနည်းပါးကြောင်း၊ အထူးသဖြင့် အိုင်တီ၊ ကွန်ပျူတာပရိုဂရမ်ရေးဆွဲခြင်းနှင့် စီမံခန့်ခွဲမှုပညာရပ်များတွင် မဟာဘွဲ့သင်တန်းအောင်မြင်ပြီး ကျောင်းသားများသည် မန်နေဂျာ၊ ကြီးကြပ်ရေးမှူးရာထူးများထက် မိမိရရှိသည့် ဘွဲ့နှင့် မအပ်စပ်သော အောက်ခြေအဆင့် ဝန်ထမ်းဘဝမှ စတင်ဝင်ရောက်လုပ်ကိုင်ရကြောင်း၊ အဆိုပါဘာသာရပ် များဖြင့် မဟာဘွဲ့သင်တန်းအောင်မြင်ပြီးသော ကျောင်းသားများသည် စင်ကာပူဒေါ်လာ ၁၈၀၀ မှ ၁၀၀၀ အတွင်းသာ လစာငွေကြေးရရှိသော နေရာတွင်ပင် ရောင့်ရဲနိုင်ကြသော်လည်း အများစုမှာကျေနပ်မှုမရှိကြကြောင်း၎င်းက ထပ်လောင်းပြောကြားသည်။
စင်ကာပူနိုင်ငံရှိ လုပ်ငန်းခွင်အများစုမှာ ရရှိထားသော ဘွဲ့လက်မှတ်ထက် အတွေ့အကြုံ၊ အရည်အချင်းကိုသာအဓိက ထားဦးစားပေးရွေးချယ်လေ့ရှိကြောင်း၊ မြန်မာကျောင်းသားအများစုမှာ ဘွဲ့လက်မှတ်ရရှိပြီးနောက် နေရာကောင်းရရှိရေး ကိုသာမျှော်မှန်းလေ့ရှိခြင်းကြောင့် အတွေ့အကြုံပိုင်း၌ အားနည်းချက်များရှိနေတတ်ကြောင်း ပြည်ပတက္ကသိုလ်များသို့ ပညာရေးဝန်ဆောင်မှုပေးနေသည့် ပြည်တွင်းပညာရေးအေဂျင်စီတစ်ခုမှ သင်တန်းဆရာတစ်ဦးက သုံးသပ်ပြောကြား သည်။


ဒီနေ့လည်း အလုပ်မှာ အင်တာဗျူးခေါ်ရာ မြန်မာတစ်ယောက်ကို ခေါ်လိုက်မိသည်။ ထိုနောက် ထိုသူ့ သူငယ်ချင်းများ က ပုံစံတူ ကိုယ်ရေးရာဇ၀င်ဖြင့် ကျနော်ရုံးမှ အီမေလ်ပြန်သူထံ သို့ အီးမေလ်ဖြင့်ပိုကြသည်။ တော်တော် ကို နားမလည်နိုင် အောင်ဖြစ်လိုက်ရသည်။ သူတို့တွေအားလုံး လျှောက်နိုင်ပါသည်။ သို့သော် ပုံစံတူလုပ်ပြီး မလျှောက်သင့်ဟု ထင်မိသည်။ ပြီးတော့ အလုပ်ကိုခေါ်သော Website မှာသာ လျှောက်သင့်ပြီး အလွယ်လိုက်မှုကို ရှောင်ရှားသင့်သည်။ အကြောင်းမှာ HR မှ တစ်ယောက် က နင်တို့ မြန်မာတွေက Copy Cat တွေများလှချည်းလား ဟုပြောဆိုသံကို ကြားလိုက်ရသော ကြောင့်ပင်။

မိမိအမှားကို မိမိတာဝန်မယူုတတ်ခြင်း။

ကျွန်တော်ဒီနေ့ စနေနေ့ရုံးပိတ်ရက် နေ့လည်ပိုင်းတွင် ဈေးမှအပြန် စာတိုက်ပုံး ကိုဖွင့်၍ စာရှိမရှိ စစ်ခဲ့ရာ Courts Electronic Store မှ Credit Application Approved Letter/Card တစ်စောင်ကို ထူးဆန်းစွာရရှိခဲ့ပါသည်။ အကြောင်းမှာ ဤစာမှာ ကျွန်တော်မသိသော ကျွန်တော်အိမ်လိပ်စာ ပေးထားသောသူ ကို လိမ်မူထားသောကြောင့် ဖြစ်သည်။
ထိုသူမည်သူနည်း။ ဘာကြောင့် ကျွန်တော်အိမ်လိပ်စာကို ကျနော်မသိပဲ အသုံးပြုပါသနည်း အကယ်၍ ပြဿနာဖြစ်လာပါက မည်သူဖြေရှင်းပေးမည်နည်း။ (ပြဿနာဖြစ်ပါက ၄င်းလိပ်စာရှိ ပစ္စည်းများကို သိမ်းယူတတ်သည်ဟု ကြားဖူးသည။်) မေးခွန်းများစွာ မိမိကိုယ်ကို မေးမိသည်။ အဖြေကာပေါ်မလာ။ နောက်ဆုံးတွင်တော့ အတူနေ သူငယ်ချင်းကိုမေးမိသည်။ (အတူနေသူငယ်ချင်း ဆိုသော်လည်း အချိန်တိုင်းမှာ သူ့ချစ်သူကောင်မလေးနှင့်သာ အချိန်ကုန်လေ့ရှိပြီ တစ်ပတ်မှ တစ်ခါလောက်စကားပြောဖြစ်။) ဤနာမည်ဖြင့် သူငယ်ချင်းရှိမရှိကို။ ထိုအချိန်ကျမှ သူငယ်ချင်းက သူ့ရဲ့ သူငယ်ချင်းဖြစ်ကြောင်း၊ ၄င်း ကျွန်တော် လိပ်စာ ကိုအသုံးပြု၍ application apply ခြင်းကို သူပင်မသိကြောင်း ပြောပြပြီး သူ ထိုသူ့ထံဖုန်းဆက်၍ ပြောမည်ဟု ကျွန်တော်ကိုကတိပေးသည်။
မကြာပါဘူး ထိုသူ ကျွန်တော်ထံဖုန်းဆက်လာသည်။ မျှော်လင့်ထားသည်မှာ သူလုပ်မိသည့် အမှားအတွက် တောင်းပန်မည်ဟု ထင်ထားသော်လည်း သူ၏ အသံမှာ စိတ်ဆိုးနေသည့်ပုံပင် ပေါက်နေ၍ ကျွန်တော် ကပင် တောင်းပန်ရမည် ပုံပေါ်နေသည်။ ဘယ်စာရတာလဲ။ ဘာရေးထားလဲ။ ဘယ်တုံးကပို့တာလဲ။ စုံနေတာပဲ။ မေးခွန်းတွေမေးသည်။ ပြီးတော့ သူ မလုပ်ကြောင်း Courts မှ အလိုလိုပို့တာဖြစ်ကြောင်း ပြောသည်။ ဒီလိုနဲ့ ကျွန်တော် ခံနိုင်ရည် တွေကုန်ခမ်းလာကာ အိုကေ အကြောင်းမဟုတ်ဘူး။ အခု Courts ခေါ်ပြီး Verify လုပ်လိုက်မယ် ဆိုပြီးပြောလိုက်သည်။
Courts က မန်နေဂျာက ပြောပါသည်။ ထိုသူ၏ IC, Pay-slip များက Courts ကို အလိုလိုရောက်လာပြီး apply မလုပ်ဘူးတဲ့။ ပြီးတော့ ကျွန်တော်မကျေနပ်လျှင် ထိုသူကို လိပ်စာ အတုသုံးမှုနှင့် အရေးယူပေးမည် ဟုပြောပါသည်။ တော်တော်ကို ရှုပ်ကုန်ပြီ။
ဘာလုပ်ရမှန်းမသိ။ မြန်မာပြည်မှ လာသည့် လူအတူတူချင်း မလို့သာ ဒီလောက် သည်းငြီးခံမိသည်။ ဒါပေမယ့် သူ့လုပ်ရက်ကိုတော့ တော်တော် ရွံရှာသွားမိသည်။ မိမိပြုမိသော အမှားအတွက် တာဝန်မယူတတ်သော ထိုသူအတွက် နောက်တွင် ဒီထက်ပိုဆိုးသော ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရန် အမြန်ဆုံးရပ်တန်းကရပ်နိုင်ရန် ဤစာဖြင့် ဖော်ပြ လိုက်ရပါသည်။

ဝဋ်

ကျနော်တို့ မြန်မာ ဗုဒ္ဓဘာသာလူမျိုးတော်တော် များများကြားဖူးမည်ထင်ပါတယ်။
ဝဋ်ကြွေး၊ ၀ဋ်လည်၊ ၀ဋ်ရှိလို့ခံရတာ၊ ၀ဋ်လည်လိမ့်မယ်၊ ၀ဋ်ကြွေးတွေဘယ်လောက်များတယ် မသိပါဘူးဆိုတာလေ။ အဲ့ဒီတော့ ကျနော်စဉ်းစာကြည့် တယ် ၀ဋ်ဆိုတာဘာလည်းပေါ့၊ ကိုယ်မကောင်းတာလုပ်ရင် မကောင်းတာပြန်ခံရမယ်။ ကောင်းတာလုပ်ရင် ကောင်းတာပြန်စံရမယ်။ ဒါ အရပ်ထဲက ၀ဋ်
နဲ့ပတ်သတ်ပြီး ကြားဖူးတဲ့ အသံတွေပါ။ ဟုတ်ပြီ မကောင်းတာလုပ်တော့ မကောင်းတာပြန်ခံရမယ်ဆိုတာ ဘယ်တော့လည်း၊ အခုချက်ချင်းလား၊ နောင်ဘ၀ဆိုတာရှိရင် နောင်ဘ၀မှလား၊ ထပ်စဉ်းစားမိတာပါ။
တစ်ချို့သားသမီးတွေဆိုလည်း မိဘပေါ်မှာဆိုးတော့ သူတို့ကို အရပ်ထဲက သူတို့ကြီးလာလို့ သူတို့သားသမီးရရင် ၀ဋ်လည်လိမ့်မယ်။ ဒါမျိုးလေးတွေလည်းကြားဖူးပါတယ်။ ဒါဆိုရင် ဒီ ၀ဋ်
ဆိုတာကြီးက နောင်ဘ၀ထိအောင်မစောင့်ဘူးပေါ့။
ကဲဒါနဲ့ပဲ နောက်တစ်ခု။ ဟိုစောစောပိုင်းက လူအများကိုသွေးတွေထွက်အောင်၊ လူတွေကိုသတ်နဲ့။ မသေမရှင်တွေထားခဲ့။ သူတစ်ပါး က အာဏာတွေရမှာဆိုးလို့ အာဏာတွေမရအောင်လုပ်ကြံ။ ဒါတွေကို အမိန့်ပေးကြိုးကိုင်တဲ့သူတွေကျတော့ကော။ ၀ဋ်ဆိုတာ မလည်တော့ဘူးလား။ စဉ်းစားကြည့်တာပါ။
ဟောကြည့် အခု သူဘာဖြစ်သွားလည်း အခု ဆေးရုံမှာသွေးကင်ဆာဖြစ်လို့ အရေးအပေါ်တင်ထားရတယ်။ အခုနောက်ဆုံး ကြားတဲ့သတင်းအရဆို တာဝန်မှ မဖြစ်မနေ အနားယူရတော့မယ်ဆိုပဲ။ အသက်လည်းဆုံး၊ အာဏာလည်းဆုံး။ ဒါကကော ၀ဋ် တွေပဲလား။ ကျနော်မသိပါဘူး။တကယ်လို့ ခင်ဗျားတို့ သိမယ်ဆိုရင်တော့ ကျနော်ကို ကျေးဇူးပြုပြီးရှင်းပြခဲ့စေချင်ပါတယ်ဗျာ။

မှတ်ချက်။ မည်သူကိုမျှရည်ရွယ်တိုက်ခိုက်လို၍ရေးခြင်းမဟုတ်ပါ။ ၀ဋ်အကြောင်းကိုပိုမိုနားလည်မိလို့၍သာရေး၍မေးခြင်းဖြစ်ပါသည်။

လောကကြီးရဲ့ အပြင်ဘက်ကိုပြေးထွက်ချင်နေတဲ့ ကျွန်တော်။

လောကကြီးကိုအရမ်းငြီးငွေ့သွားပြီဗျာ။ တစ်ခါတစ်လေ ခံစားရတယ်။ လောကကြီးက မတရားဘူးလို့။ တစ်ခါတစ်လေ မှန်တဲ့ ဘက်မှာ မရပ်တည်ဘူး။
မရက်စက်တတ်လို့ အလျှော့ပေးရင် အဲ့ဒီအပေါ်မှာ အနိုင်လိုချင်ကြတယ်။ ဒါတောင် စိတ်ချမ်းသာမှုကရှာလို့မရဘူး။ သံယောဇဉ်တွေမရှိချင်ဘူး။ သံယောဇဉ်ဆိုတာ မှန်တာ ပြောရရင်တော့ အပူမီးတစ်မျိုးပါပဲ။ ပုထုစဉ်လူသားဖြစ်နေသ၍တော့ ဒီ အပူမီးတွေလောင်း ကျွမ်းနေဦးမှာပဲ။
နောက်ပြီး တစ်ဘက်လူမှာ ဘာဖြစ်သွားသလဲမစဉ်းစာဘူး။ သူတို့ဖြစ်ချင်တာ၊ လိုချင်တာ၊ လုပ်ချင်တာပဲသိတယ်။ တစ်ဦးတစ်ယောက်စိတ်ချမ်းသာ ဖို့အတွက် အခြားတစ်ယောက် ကစိတ်ဆင်းရဲ့ပေးရတာ ဓမ္မတာလိုဖြစ်နေတယ်။
ကိုယ်က တဖက်သူစိတ်ချမ်းသာစေချင်ပေမယ့် ကိုယ်ကတော့ဘယ်တော့မှ စိတ်ချမ်းသာမှုမရဘူးဗျာ။ ပြီးတော့ အလိုရှိတဲ့ အချိန်မှာ မျက်နှာလေးတွေရွှင်ပြီးတော့၊ အလိုပြည့်သွားတဲ့ အချိန်မှာ မျက်နှာလေးတွေကို ရွှဲတတ်ကြတယ်။
နောက်ပြီး နားလည်မှု၊ သည်းခံမှုတွေကို အခွင့်အရေးယူတက်ကြတယ်။တစ်ခါတစ်လေ ကျေးဇူးမတင်မဲ့ အပြင် စော်ကားသွားတက်ကြတယ်။

သြော် အသင်လောကကြီး၊ ကျွန်တော် ဘယ်လောက်ထိ ဒီဒဏ်ရာတွေခံနေရဦးမှာလဲ။ ပြေးစရာလမ်းမရှိတော့ဘူးလား။ ပြေးလို့ကောမလွတ်တော့ဘူးလား။ကျွန်တော်မှာ သံယောဇဉ်တွေဆိုတာလဲမရှိချင်တော့ဘူး၊ မေတ္တာဆိုတာလည်းမထားချင်တော့ဘူး။
စိတ်ချမ်းသာတာ၊ စိတ်ညစ်တာတွေလည်းမရှိချင်တော့ဘူး။ ဝေဒနာတွေလည်းမခံစား ချင်တော့ဘူး။ဒဏ်ရာတွေလည်းမရချင်တော့ဘူး။
လူတွေအားလုံးကိုစိတ်ချမ်းသာစေချင်တယ်။ လူတွေအားလုံးကပြန်ပြီးစိတ်ချမ်းသာမှု မပေးနိုင်တာသိပေမဲ့၊ မျှော်လင့်တောင့်တတဲ့သူဆီက အမြဲစိတ်ဆင်းရမှုပဲရနေတယ်။
တရားမှုဆိုတာမရှိကြတော့ဘူးလားဗျာ။
ကျွန်တော်မှာ အခုနေတာ လိုရာဆု တစ်ခုတောင်းခွင့်ပြုမယ်ဆိုရင် ကျွန်တော်တောင်းမိ မှာကတော့ လောဘ၊ ဒေါသ၊ မာန၊ သံယောဇဉ်၊ ဝေဒနာ တွေမရှိတဲ့ နေရာကို အမြန်ဆုံး ရောက်ရပါလို့၏။

~ဘယ်လောက်ပဲဝေးဝေး၊ တူညီစွာကြိုးစားနေမယ်~

ကျွန်တော် မနေ့ကသတင်းစာဖတ်ပြီး ဘာတွေများဆက်ပြီးဖြစ်မလဲဆိုပြီးစဉ်းစားနေမိပါတယ်။
ဒါနဲ့ မြန်မာနိုင်ငံဘက်မှသက်ဆိုင်ရာအဖွဲ့အစည်းတွေကကော ဘာတွေဖြေရှင်းမလဲပေါ့။ ဒါပေမဲ့
အခွန်နှစ်ထပ်ကင်းလွတ်ခွင့်အတွက်ဆောင်ရွက်နေတဲ့သူတွေရဲ့ blog မှာ Myanmar Embassy မှ သံအမတ်ကြီးရဲ့ အတွင်းရေးမှုးမလေးကသူတို့ကို နေပြည်တော်သို့တိုက်ရိုက်တိုင် ကြားရန်သာပြောဆိုခဲ့ကြောင်းသိရပါတယ်။

အဲ့ဒါနဲကျွန်တော်စဉ်းစားမိတာက သူတို့မှာလုပ်ပိုင်ခွင့်မရှိတောင် သူတို့ကဘာလို့တာဝန်ယူပြီး သတင်းပို့မပေးတာလဲပေါ့။ သူတို့တွေ က တရားဝင် သံတမန်တွေဖြစ်ပြီး သံတမန်ဆိုတာ နိုင်ငံ တစ်နိုင်ငံရဲ့တာဝန်အရှိဆုံးအစိုးရကိုယ်စားလှယ်အဖွဲ့ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်ဘာလို့ ဒီသံရုံးတွေဆက်ထားတော့မှာလည်းဆိုပြီးတော့ ကလေးအတွေးတွေမိပါတယ်။
ခင်ဗျားတို့လည်းစဥ်းစားကြည့်လေ၊ အရာရာကို သက်ဆိုင်ရာမိခင်နိုင်ငံကိုပြန်ပြီးကိုယ်တိုင် သတင်းပို့တိုင်ကြားလုပ်ဆောင်ရမယ်ဆိုမှတော့ သူတို့တွေဒီမှာရှိနေလည်းဘာထူးတော့မှာလဲ။
ဟိုအရင်ကဆို ပိုလို့တောင်ဆိုးသေး။ မိတ္တူကူးစရာမှ မိတ္တူကူးစက်မရှိ။ ရေဆာရင် သောက်ဖို့ ရေသန့်စက်ကလည်းမရှိ။ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ဒါတွေအကုန်လုံးထားပေးထားပါ တယ်။ ကျေးဇူးတင်ပါတယ် သံအမတ်ကြီးခင်ဗျာ။ဒါပေမယ့် သံရုံးမှာရှိတဲ့ရေသန့်စက်ကတော့ အချိန်ပြည့်ပိတ်ထားပြီးရေကုန်နေတာ တွေ့ရပါ တယ်။ ကဲကဲဒီလောက်ဆိုတော်လောက်ပါပြီ။ ဒါမှမဟုတ် မေတ္တာတွေအပို့ခံနေရဦးမယ်။
သြော်မေတ္တာပို့ခံရအုန်းမယ်ဆိုတာနဲ့ပြောရဦးမယ်။ ကျွန်တော်ကို အသိရောင်းရင်းများက ဘာလို့ဒီ မြန်မာနိုင်ငံသားတွေအတွက်နဲ့ စိတ်ရှုပ်ခံပြီး စဉ်းစား၊ blog တွေရေးနေတာလဲတဲ့။ ကိုယ်နဲ့လည်းဘာမှမဆိုင်တော့ဘူးလေတဲ့။တော်ကြာပြဿနာတက်အုံးမယ်ဆိုပြီတော့။
သူတို့ပြောတဲ့စကားကြောင့်တော်တော်စိတ်မကောင်းဖြစ်သွားပါတယ်။ သူတို့ကတော့ ကျွန်တော်ကိုစေတနာနဲ့ပြောတာပါ။ ဒါပေမယ့် ကျွန်တော်ကိုကျွန်တော်ပြန်ပြောလိုက်မိပါတယ်။ ကိုယ့်ကိုလူဖြစ်အောင် မွေးဖွားလာတဲ့နိုင်ငံအတွက် အခြေအနေအရပ်ရပ်ကြောင့်အဲ့ဒီနိုင်ငံသားမဟုတ်တော့ ရင်တောင်လုပ်ပိုင်ခွင့်မရှိတော့ဘူးလားဆိုပြီးတော့ပါ။ နိုင်ငံသားပဲ ပြောင်းတာဖြစ်ပြီး၊ ကျွန်တော်ရဲ့သွေး၊စိတ်၊ယဉ်ကျေးမှု၊ လူ့မျိုး ကတော့ မြန်မာအဖြစ် ကျွန်တော်ရဲ့နောက်ဆုံးထွက်သက်အ ထိရှိနေမှာပါ။ အဲ့ဒါကတော့ အရမ်းကိုကြိမ်းသေပါတယ်။ မြန်မာတစ်ယောက်အနေနဲ့သာခံစားမှုတွေကိုတင်ပြနေခြင်း ဖြစ်ပြီးဆက်လက်လုပ်ဆောင်နေရဦးမယ်ဆိုပြီဆုံးဖြတ်ချက်ချထားပါတယ်။
အဲ့ဒီအကြောင်းကိုညီလိုခင်ရတဲ့ ညီလေးတစ်ယောက်ကိုပြောပြတော့ သူကကျွန်တော့်ကိုစပြီး ၀ိုင်ဝိုင်းသီချင်းလေးဆိုပြပါတယ်။
~မင်းနဲ့ကိုယ်နဲ့စည်းခြားနေပြီကွာ~တဲ့။ကျွန်တော်ကလည်းပြန်ပြီးတော့ဆိုလိုက်ပါတယ်။
~ဘယ်လောက်ပဲဝေးဝေး၊ တူညီစွာကြိုးစားနေမယ်~။

မြန်မာနိုင်ငံပညာရေး နိမ့်ကျနေပြီလား။

ကျွန်တော်ဒီနေ့ ဂျာနယ်တစ်စောင်ဖတ်မိပါတယ်။ အဲ့ဒီအထဲမှာ အံ့သြဖွယ်ရာကြော်ငြာတစ်ခု ဖတ်ခဲ့မိပါတယ်။ အခြားမဟုတ်ပါဘူး။ ဘွဲ့ရပြီးသား ၊ဒီပလိုမာရပြီးကျောင်းသားတွေကို စင်ကာပူမှ Certificate အဆင့်သာပေးသောကျောင်းကိုတက်ရန်ကြော်ငြာနေခြင်းဖြစ်ပါသည်။
စင်ကာပူမှ ITE ဆိုတာ Polytechnic အဆင့်မမှီသူတွေ GCE အောင်ကျောင်းသားများကို လက်ခံသောကျောင်းဖြစ်ပါတယ်။
ဒါပေမယ့် သူတို့ကြော်ငြာမှာတော့ အခြေခံအထက်တန်းအဆင့်တင်မဟုတ်ပဲ ဘွဲ့ရ၊ ဒီပလိုမာရ ကျောင်းသားများအတွက်ပါရေးထားတာတွေ့လိုက်ရိပါတယ်။ သြော် မြန်မာနိုင်ငံပညာရေး က အဲ့ဒီလောက်နိမ့်ကျနေပြီလားလို့စဉ်းစားရင်းစိတ်မကောင်းဖြစ်မိ ပါတယ်။

Image

ကျွန်တော်နိုင်ငံရေးမလုပ်ပါ။

ကျွန်တော် ရဲ့ blog လေးမှာ ကျွန်တော့်စိတ်ထဲမှာရှိတာလေး တချို့ ကိုရေးမိခဲ့ပါတယ်။ ဒါနဲ့ လူတွေက လာမေးကြပါတယ်။ မြန်မာပြည် ကို ကောင်းကောင်းမပြန်ချင်ဘူးလားတဲ့။
ကျွန်တော့်ကို visa မပေးပဲနေရင်ဘယ်လိုလုပ်မလဲပေါ့။
ကျွန်တော် တော်တော် အံ့သြမိပါတယ်။ ကျွန်တော် ဘာများ အမှားလုပ်မိလို့လည်းပေါ့။ ကျွန်တော် ဘယ် ၇ ရက်သားသမီးကိုမှ စိတ်ဆင်းရဲအောင် မလုပ်ဘဲနဲ့ များ ကျွန်တော် ကိုပေးမပြန်ချင်ရမှာလဲပေါ့။ ပြီးတော့ အခုတလောတွင်း လာရောက်လည်ပတ်သူလည်း များပြားလာတာတွေ့ရပါတယ်။
အဲ့ဒါနဲ့ ကျွန်တော် မိတ်ဆွေတချို့ကို မေးမိပါတယ်။ ကျွန်တော် blog ကို ဘယ်လိုမြင်လဲဆိုတော့၊ တချို့ကတော့ ဘာမှမဖြစ်ပါဘူးတဲ့၊ တချို့ကတော့ နိုင်ငံရေး ဆန်တယ်လို့ပြောပါတယ်။
အဲ့ဒါကြောင့် ကျွန်တော်ဒီနေရာက ရှင်းလင်းပြပါရစေ။
ကျွန်တော် နိုင်ငံရေးမလုပ်ပါ။ စိတ်လည်းမ၀င်စားပါ။ စိတ်မ၀င်စားတာက နားမလည် လို့လည်းဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်အနေနဲ့ လည်းလုပ်ပိုင်ခွင့်မရှိတော့ပါဘူး။ ပြီးတော့ ကျွန်တော် မည်သူကိုမျှလည်း မတိုက်ခိုက်ပါဘူး။ ရီစရာလေးတွေ၊ နေ့စဉ်ကြုံတွေ့ နေတာလေး တွေတာရေးမိတာပါ။ အချင်းချင်း ခံစားမှုလေးတွေ ဖလှယ်ကြတာပါ။ သူတစ်ပါးရေးတဲ့ ဆောင်းပါး ကို ဝေဖန်တာ နိုင်ငံရေးမဟုတ်သလို၊ နေ့စဉ်မြင်နေရ ကြုံနေရ အခက်အခဲများ အတွေ့ကြုံများကိုရေးခြင်းသည်လည်း နိုင်ငံရေးမဟုတ်ပါ။ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကျွန်တော် လေးစားပါတယ်။ အထူးသဖြင့် ကျွန်တော်ကို ဒီနေ့ အခြေအနေရောက် အောင် မွေးဖွားခဲ့ရာ မွေးရာဇာတိဖြစ်တဲံ့မြန်မာနိုင်ငံကို အထူးသဖြင့် အစဉ်လေးစားစွာဖြင့်…။

အိပ်လို့မရတဲ့ရက်များ။

အိပ်လို့မရတဲ့လို ဆိုတဲ့အတွက်.. ရောဂါရနေတာမဟုတ်ပါဘူး။ ဘောလုံးပွဲကြည့်ချင်အားကြီးလို့သာ အိပ်လို့မရတာပါ။ အခုရက်အတွင်းမှာ champion league ပွဲတွေ အကြီးအကျယ်ကန်နေကျပါတယ်။ မနေ့ကဆို မန်ယူ က လိုင်လီနှင့်ကန်ရာ မှာခဲရာခဲဆစ်အနိုင်ယူသွားရပါတယ်။ သူတို့အနိုင်ယူသွားတဲ့ဂိုးအတွက်လည်း ပြသနာပေါင်း များစွာဖြစ်နေဆဲပါ။ ဒီညမှာတော့ ချယ်ဆီး နှင့် ပေါ်တို၊ ဘာစီလိုနာ နှင့် လီပါပူ တို့ပွဲများကိုကြည့်ဖြစ်ပါတယ်။
တော်ပါသေးတယ်။ အခု ရက်အတွင်းရုံနောက်ကျမှ သွားလို့ရလို့။ ဒါမှမဟုတ်ရင် အရေးပေါ်ခွင့်ယူရမှာ။

ပုဂ္ဂိုလ်ရေး နှင့် ဘာသာရေး များ ကိုရောမွှေကာထား သော အယ်ဒီတာ၏စကားများ..။

Image
Image
ကျွန်တော် ဒီတစ်ပတ်ရုံးပိတ်ရက်မှာ ရွှေမြန်မာ မဂ္ဂဇင်း ကို ဖတ်ဖြစ်ခဲ့မိပါတယ်။ ဒါပေမယ့် ဖတ်ဖတ်ခြင်းပဲ စပါးလုံးထောက်စရာလေးတွေ တွေ့ခဲ့မိပါတယ်။ မဂ္ဂဇင်း ရဲ့ အယ်ဒီတာချုပ်ဆိုသူက သူရဲ့လုပ်ပိုင်ခွင့်များကို အပြည့်အ၀အသုံးချပြီး ဘာသာရေး နှင့်
ပုဂ္ဂိုလ်ရေး များ ကို ရေးခြင်သလို ကျောင်းဆရာမှ တပည့်များကို ဆုံးမသည့် ပုံစံနှင့် ရေးထားပါတယ်။
သူက ပြောထားသေးတယ်..။ ]]မေတ္တာစိတ်ရှိကြတယ်၊ စိတ်ထားမြင့်မြတ်သိမ်မွေ့ကြ တယ် ဆိုတဲ့ ဗုဒ္ဓဘာသာကိုးကွယ်သူလူမျိုးတွေရဲ့ တိုင်းပြည်တွေဟာ ဘာလို့ဒီလောက် ဆင်းရဲနေကြတာလဲလို့ တခြားဘာသာဝင်တွေ၊ တခြားလူမျိုးတွေက မေးချင်စရာ တွေဖြစ်လာကြတယ်။ အဲဒါကို ပြန်ပြီးဆန်းစစ်ဖို့၊ ကိုယ့်ကိုယ်ကိုယ်လည်း အနုလုံ ဝေဖန်စဉ်းစားဖို့ လိုနေပြီလို ထင်တယ်ဗျာ။
ကျွန်တော်မေးမယ်၊ ခင်ဗျားတို့ ဗုဒ္ဓဘာသာဝင် အစစ်တွေလား။ }}


ဖတ်ကြည့်ကြပါဗျာ။ တစ်မျိုးကြီးဖြစ်မနေဘူးလား။ ဗုဒ္ဓဘာသာကိုးကွယ်ရင်ချမ်းသာရ မယ်လို့ မြတ်စွာဘုရားက မဟောကြားခဲ့ပါဘူး။

ထပ်မေးထားသေးတယ်... သူက. ]] သစ္စာလေးပါးနဲ့ အနတ္တတရား လောက်မှ ထဲထဲ ၀င်ဝင်နားမလည်းဘဲ ယုံကြည်တယ်လို့ မဖြေပါနဲ့။ ယုံကြည်တယ်လို့ (အရှက်မရှိဘဲ) ဆက်ဖြေနေသေးတယ်ဆိုရင် နောက်ထပ်မေးခွန်းတစ်ခုထပ်မေးဦးမယ်။
ပြသာဒါးတွေ၊ ရက်ရာဇာတွေ၊ ယကြာတွေနဲ့ ဘယ်ဟာကို ပိုယုံကြည်သလားတဲ့။

စဉ်းစားကြည့်ဗျာ။ ဘာဆိုင်လို့တုံး။

]]နောက်ထပ်ပြောသေးတယ်။ ဘုရားကို ခုတုံးလုပ်ပြီး ပေါက်တတ်ကရတွေ (တကယ့်ကို ပေါက်တတ်ကရတွေပါ) လျှောက်လုပ်နေကြတာနဲံ အောင်မြင်ကြရောလား၊ ဘယ်သမိုင်း ဘယ်ရာဇ၀င်မှာမှ အစအဆုံးအောင်မြင်သွားတယ်ဆိုတယ အမှတ်အသားမရှိပါဘူး။ ကျွန်တော်မယုံဘူး }} လုပ်ပြန်ပြီ။

သူမယုံတာနဲ့ဘဲ တဖက်လူတွေကို စော်ကားပြီးပြောပြန်ပြီ။ ကျွန်တော်ဒီလိုပြောလို့ ကျွန်တော်ကို ဗေဒင် အရမ်းယုံတယ်လို့မထင်ပါနဲ့၊ မယုံဘူးလို့လဲ မထင်ပါနဲ့။
ဒါပေမယ့် အတိုင်းအတာတစ်ခုတော့ရှိတာပေါ့ဗျာ။ ဗေဒင်ပညာဆိုတာ မြတ်စွာဘုရား လက်ထက်ကတည်းကရှိခဲ့လို့ ပုဏားတွေတောင် ဟောခဲ့သေးတာပဲ။

ဒါပေမယ့်ဗျာ ငါ့ အယ်ဒီတာချုပ်ကွ ငါမကျေနပ်ရင် ငါကြိုက်သလိုရေးမယ်ဆိုပြီးတော့ ရေးတာကတော့ စာအုပ်တန်ဖိုး၊ သူရဲ့ ဒေါက်တာဆိုတဲ့ တန်ဖိုးကြီး ကိုအရင် ဂရုစိုက် ဖို့ကောင်းပါတယ်။ သူရေးထားတာတွေ ဖတ်ဖို့အတွက်ကျွန်တော် တင် ပေးထားပါတယ်။

What U wanna be ? Singapore PR or Singaporean

Singapore Immigration က Naturalisation Eligibility Tool လို့အမည်ပေးထားတဲံ့ assessment tools လေးတစ်ခု သူတို့ရဲ web site ကိုသွားကြည့်ရင်းနဲ့ တွေ့ခဲ့ပါတယ်။
ဒီ tool လေး အလုပ်သမား နိုင်ငံခြားသားများ ကို နိုင်ငံသား သို့ အမြဲတမ်းနေထိုင်ခွင့် လျှောက်နိုင်မလျှောက်နိုင် စမ်းစစ်တဲ့ ဟာလေးပါ။ တကယ်လို့ ကိုယ့်ရဲ့ ပညာအရည်အချင်း၊ လစာ၊ လုပ်သက်၊ မိသားစု စတဲ့အချက်အလက်တွေဟာ သူတို့လိုအပ်ချက်နဲ့ ကိုက်ညီရင်တော့ အစိမ်းရောင် ရမှာ ဖြစ်ပါတယ်။ တကယ်လို့လိုအပ်နေမယ်ဆိုရင်တော့် လိမော်ရော် နှင့် မအောင်မြင်ဖူးဆိုရင်တော့ အနီရောင်ဖြစ်ပါတယ်။
ဒါပေမယ် ဒီရလာဒ်ကို အတည်အဖြစ်မယူဖို့သူတို့ကသတိပေးထားပါတယ်။

အသေးစိတ်ကြည့်ချင်ရင် တော့
https://www.psi.gov.sg/NASApp/tmf/TMFServlet?app=NEAT-PUBLIC&isNew=true&Reload=true